အမျိုးသား ပညာရေးဥပဒေကြမ်းပြင်ဆင်နိုင် ရေးအတွက် လွှတ်တော်အနေဖြင့် အထူးအလေးထား လုပ်ဆောင်နေ ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြော ကြားသည်။
ယနေ့ကျင်းပသည့် ပထမအ ကြိမ်အမျိုးသားလွှတ်တော်(၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေး၂၆ရက် မြောက်နေ့အစည်းအဝေးအပြီးတွင် သတင်းထောက်များကမေးမြန်းရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောင်းသားကိစ္စနှင့်ပတ်သက် ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ''ကျွန်တော်တို့လွှတ်တော်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရတာ၊ အရင် ဥပဒေတွေလုပ်ထားတာပဲ ထုတ်ပြန် ကြေညာခြင်းမရှိတာဘဲဖြစ်တယ်။
အခုကတော့အထူးလုပ်ရတဲ့သဘော ရှိတယ်၊ ဒီလိုကိစ္စတွေ ဖြစ်မှာစိုးလို့၊ အဲဒီတော့ ကလေးတွေလာတဲ့ အခါ မှာ သူတို့ဘာလိုချင်တာလဲဆိုတာ ကိုအတိအကျသိမှ ဖြစ်သင့်လား၊ ဖြစ်နိုင်လား။ ဒါ သူတို့နဲ့ဆွေးနွေး လိုက်ရင်ပြီးပါတယ်။ ကျောင်းသား တွေလဲ အသိÓဏ်ရှိတာပဲလေ။ တကယ်တမ်းရှင်းပြတဲ့အခါ ဖြစ် သင့် တာ၊ မဖြစ်သင့်တာ နားလည် လာမှပဲ အဆင်ပြေသွားမှာပါ''ဟု သတင်းထောက်များကို ထည့်သွင်း ပြော ကြားခဲ့သည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံဖို့နှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ''တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ အချိန်အတိအကျမသိဘူး။ ဒါပေမဲ့ ဆွေးနွေးဖို့ရာရှိတယ်။ ဒါက မှန်းဆ ပြောတာလဲ ဖြစ်နိုင်တယ်။ တွေ့ကို တွေ့ရမယ်။ လွှတ်တော်က ဆုံးဖြတ် ထားတဲ့ အဆိုတစ်ခုပါပဲ။ တွေ့တော့ မလား၊ မတွေ့ဘူးလားဆိုတာက အဘလဲမသိဘူး''ဟု ဆက်လက် ပြောခဲ့သည်။
၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးတော့လည်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ''ဒါက နိုင်ငံ ရေးပါ တီတွေနဲ့ပတ်သက်တာလေ။ ပါတီကဝင်ဆိုတော့လဲ ဝင်မှာပေါ့။ မဝင်နဲ့ဆိုတော့လဲ မဝင်ဘူးပေါ့။ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် အခုအချိန်ထိလျာထားတာမရှိဘူး။

ရွေးကောက်ပွဲအတွက်ကို ရည်ရွယ် ပြီးလုပ်သလို ကြော်ငြာတာမျိုးဖြစ် မှာစိုးလို့ ဖွင့်မပြောဘူး။ အဲဒါစိုးရိမ် တာ၊ အဲဒီလိုမျိုးလဲမလုပ်ချင်ဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလဲ လူထု ကိုပြောခဲ့တာ၊ အဘကိုမဲထည့် ထည့် မထည့်ထည့်၊ ရွေးချင်ရွေးမရွေးချင် နေ၊ အခုလိုအကူးအပြောင်းကာလ မှာ လိုအပ်လို့ဝင်ခဲ့တာပဲ။ ရွေး ကောက်ပွဲလဲနိုင်သွားပြီဆိုတော့ က မန်းက တန်းကြိုးစားရတာပေါ့။ နောင် လာနောက်သားတွေ အတုယူရ အောင်၊ ဘက်လိုက်မှုတွေကင်းအောင် ဒါတွေပဲ အဘစဉ်းစားနေတယ်။ ဥက္ကဋ္ဌကြီးဘယ်လိုနေရတယ်။ သမာ သမတ်ကျအောင် ဘယ်လိုလုပ် ဆောင်ရတယ်ဆိုတာကအစ ဒါတွေ အဘစဉ်းစားနေတယ်''ဟု အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ထပ်မံ ပြောခဲ့သည်။
မိုကရေစီတူဒေး
Sign up here with your email
ConversionConversion EmoticonEmoticon