အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်က လမ်းမအလည်ခေါင်တစ်ခုမှာ ဆိုင်းဘုတ်တစ်ခုနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ အုတ်ဂူတစ်ခု ရှိနေတာ ထူးခြားမှုတစ်ခုလို ဖြစ်နေပါတယ်။ ဒီအုတ်ဂူရဲ့ ဇာတ်လမ်းကို သိချင်တယ်ဆိုရင်တော့ အမ်မတီရွာကလေး ဒီလမ်းကို မခင်းခင် ကာလကို ပြန်သွားရပါလိမ့်မယ်။
၁၈၃၁ မှာ နန်စီဆိုတဲ့ အသက် ၃၇ နှစ်အရွယ် နန်စီဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အဲဒီနေရာမှာ ကား မတော်ဆမှုကြောင့် ကွယ်လွန်ခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့ သူတို့ရဲ့ ကလေး ၁၁ ယောက်ကတော့ အသက်ဘေး ကနေ လွတ်မြောက်ခဲ့ပါတယ်။ ကွယ်လွန်သူရဲ့ ဆန္ဒအရ ခင်ပွန်းဖြစ်သူ ၀ီလျံဘင်းနက်က တောင်ကုန်းလေး ပေါ်မှာ နန်စီအတွက် အုတ်ဂူတစ်ခု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ လမ်းခင်းပြီး အုတ်ဂူပြုလုပ်ရာမှာ လမ်း ခင်းတဲ့ သူတွေဟာ လမ်းအတက်လမ်းကို ပြေပြစ်အောင် ကြိုးစားခဲ့ရပါတယ်။
နန်စီဟာ အဲဒီတောင်ကုန်းလေးပေါ်မှာ ပထမဆုံး မြုပ်နှံခွင့်ရသူ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒေသခံတွေက လည်း အဲဒီနေရာမှာ မြုပ်နှံဖို့ စဉ်းစားလာခဲ့ပါတယ်။ အသေးစား သချုင်္ိင်းငယ်လေးအဖြစ် တရားဝင်ရပ် တည်နိုင်ဖို့အတွက် နန်စီရဲ့မိသားစုဝင်တွေဟာ အငြင်းအခုံတွေ အများကြီးလုပ်ပြီးမှ အဆင်ပြေသွားခဲ့တာ ဖြစ်ပါတယ်။ နန်စီရဲ့မြေး ဒန်နီယယ်ဆိုရင် အဘွားဖြစ်သူရဲ့ အုတ်ဂူကို ကာကွယ်နိုင်ဖို့ အဲဒီနေရာမှာ သေနတ်တစ်လက်နဲ့ လာစောင့်နေတဲ့အထိ ဇွဲကြီးခဲ့ပါတယ်။ နန်စီရဲ့ မြေးတစ်ယောက်ဖြစ်တဲ့ ကန်နက် ဘလက်ဝဲဟာ ၁၉၈၂ မှာ ဒီအုတ်ဂူအကြောင်း သိလိုသူတွေကို ပြောပြခဲ့ဖူးပါတယ်။
Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon