ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ရန်ကုန်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတစ်ခု တွင် ကိုယ်တိုင် အမှိုက်ကောက်ခဲ့ကြောင်း သတင်းရရှိသည်။
အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်များရှိ မြို့နယ်အချို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် မှုအနေဖြင့် မတ်လ ၂၈ ရက် နံနက်၌ အမှိုက်ကောက်ခဲ့ကြောင်း ခရိုင်စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာတင် ထွန်းက ပြောသည်။
‘‘ရာထူးကြီးတဲ့သူက အခုလို အမှိုက်ကောက်စံပြအနေနဲ့ လူထုလှုံ့ဆော်တဲ့ သဘောပါပဲ။ လမ်းမတော်မြို့ နယ်မှာတော့ မနက် ၇ နာရီလောက်ကတည်းက စပြီး ကောက်တယ်’’ဟု ၎င်းက ပြောသည်။ စုပေါင်းသန့် ရှင်းရေးဆောင်ရွက်မှုတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ စည်ပင်သာယာရေး ကော်မတီဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပါဝင်ခဲ့ကြောင်း ဒေါက်တာ တင်ထွန်းက ပြောသည်။
‘‘သူက စလုပ်တော့ သူ့ထက်ရာထူးနိမ့်တဲ့လူ မခိုရဲတော့ဘူပေါ့။ ဒါလေးသိစေချင်လို့ လုပ်တာဖြစ်မယ်’’ဟု လမ်းမတော်မြို့ နယ်တွင်နေထိုင်သူ မညိုညိုလွင်က မှတ်ချက်ပြုသည်။
ဦးမြင့်ဆွေ အမှိုက်ကောက်နေသော ဓာတ်ပုံမှာ ဖေ့စ်ဘွတ်ခ်၌ ပျံ့နှံ့ခဲ့ပြီး ချီးကျူးသူအချို့ရှိသကဲ့သို့ နာရေးကူ ညီမှုအသင်း အမှိုက်ကောက်ခွင့်တောင်းစဉ်က ခွင့်မပြုဘဲ ရွေးကောက်ပွဲနီး၍ အမှိုက်ကောက်ခြင်းဖြစ်သည် ဟု ဝေဖန်မှုအချို့လည်းရှိသည်။
7 Day
Sign up here with your email
ConversionConversion EmoticonEmoticon