ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ ...
သမိုင်းကြာင်း နဲ့ ပတ်သက်လို့  …
ကျွန်တော် မှတ်သားဖူးတာ …
၃ ချက်ပဲ ရှိပါတယ် …
ပထမ တစ်ချက်က …
ဒီတိုက်ပွဲမှာ …
တစ်ဘက်နိုင်ငံက တပ်တွေ …
ထောင်နဲ့ ချီ ၀င်တိုက်ပေးခဲ့တယ် …
လက်နက်ခဲယမ်းတွေ …
အပြည့်အ၀ ထောက်ပံ့ ပေးခဲ့တယ် ….
ဒုတိယ တစ်ချက်က …
အဲဒီအချိန်မှာ …
မြန်မာ့ တပ်မတော်မှာ ...
တပ်မလေး ၃ ခုပဲရှိတယ် …
အဲဒီထဲက ပဲခူးရိုးမမှာ …
ဗကပ နဲ့ ရင်ဆိုင်နေရတဲ့  တပ်မ ၇၇ ကို …
ချက်ချင်းပြန်ဆွဲထုတ်ပြီး …
အရှေ့ မြောက်ဒေသကို ကာကွယ်ဖို့  …
အရေးတကြီး စီမံခဲ့ရတယ် …
ဗျူဟာမှူးက ဗိုလ်မှူးကြီး ထွန်းရီပါ …
သူ့ ကို တိုင်းမှူးက …
ကိုထွန်းရီ ….
ဂျပန်ခေတ်က စိတ်ဓာတ်ကို မွေးပါ …
ကွမ်းလုံကို ကာကွယ်ပါ လို့  …
ကြေးနန်း ပို့ တော့ …
ဗိုလ်မှူးကြီး ထွန်းရီက ….
တိုင်းမှူး ….
ကွမ်းလုံကျသွားရင် …
ကျွန်တော့် အလောင်းကို …
သံလွင်မြစ်ထဲမှာ လာကောက်ပါလို့  ...
ပြန်ပြောခဲ့တယ် ….
ကွမ်းလုံ ကြိုးတံတားကြီးမှာ …
မိုင်းတွေကပ်ထားပြီး …
မနက်လင်းလို့ မှ သူတို့  ပြန်မလာတော့ရင် …
တံတားကြီးကို ချိုးပြစ်လိုက်ပါလို့  …
အမိန့် အပြတ်ပေး …
ပြီးတော့ တံတားတစ်ဖက်က ..
တောင်ကုန်းတွေဆီကို ထွက်သွားခဲ့တယ် ….
တတိယ အချက် က ..
ဒီ တိုက်ပွဲတွေဟာ …
ရက် ၄၀ လောက် ကြာတယ် ….
ကွမ်းလုံမြို့ ကို ကာကွယ်ရင်း …
တပ်မတော်သားတွေ ရာနဲ့ ချီပြီး …
အသက်ပေးသွားကြတယ် …
ကွမ်းလုံမြို့ ထိပ်က …
နောက်ဆုံး ခံစစ် ဟိုက်ကမ်းပါး စခန်းကို …
ခမရ ၁၀၅ နဲ့  ကချင် ၃ က …
အသေအကျေ ကာကွယ်ကြတယ် …
ဦးထုပ်မှာ ကြယ်နီတံဆိပ်တပ်ထားတဲ့  …
ရန်သူတွေ ဟာ အင်အား ထောင်နဲ့  ချီပြီး …
ထိုးစစ်ဆင်တယ် …
လှံစွပ် အကြိမ်ကြိမ် တက်ထိုးတယ် …
လူလှိုင်းလုံးတွေဟာ …
ညကြီး သန်းခေါင် …
ပင်လယ်ဒီရေလှိုင်းတွေလို …
တရိပ်ရိပ် တရိပ်ရိပ် တက်လာတယ် …
သန်းခေါင်ကျော်လောက်ရောက်တော့ …
ဟိုက်ကမ်းပါး စခန်းရဲ့  ခံစစ်စည်း …
ကျိုးပေါက် သွားခဲ့တယ် …
ခမရ ၁၀၅ နဲ့  ကချင် ၃ က …
စစ်သည်တွေဟာ …
ကတုတ်ကျင်းတွေရှေ့ မှာပဲ …
ရန်သူ နဲ့  လုံးထွေးသတ်ပုတ်ပြီး …
အသေခံကြတယ် …
နောက်ဆုံးမှာတော့ …
ဟိုက်ကမ်းပါး စခန်းမှူးဟာ…
သမိုင်းဝင် အမိန့် တစ်ခုကို ပေးခဲ့တယ် …
အဲဒါကတော့ …
ကိုယ့်ဖက်က ...
၁၀၅ မမ ဟောင်ဝဇ်ဇာ အမြောက်တွေကို
သူတို့ ခေါင်းပေါ်ကို ပြန်ပစ်ခိုင်းပြီး …
ရန်သူရော သူတို့ ပါ အသေခံခဲ့ကြတာပဲ …
ဒီတိုက်ပွဲကြီးကို ….
ကွမ်းလုံ ရက် ၄၀ တိုက်ပွဲလို့ ပဲ ခေါ်ခေါ် …
ကွမ်ဒုံး ရက် ၄၀ပဲ ပြောပြော …
ကျွန်တော်တို့  တားလို့ မရပါဘူး …
ခင်ဗျားတို့ ကြိုက်သလို ခေါ်ပါ ….
ခေတ်က ဒီမိုကရေစီခေတ် …
လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာပဲ မဟုတ်လား ???
ကိုအောင်နေမျိုးကိုလဲ ပြန်လွှတ်ပေးပါ …
သူကြိုက်တာ သူပြောပါစေဗျာ…. ။။။ ။။။။
( ရဲမိုး )
( ၇.၁၂.၂၀၁၄) ၇က်နေ့  ...
သူရဲကောင်း စစ်သည်ဗိမ္မာန်တွင် ...
ခေတ်အဆက်ဆက်က ကျဆုံးခဲ့သည့် ...
အညတြ စစ်သည်တော်များအား ...
လာရောက် အလေးပြုခဲ့သည့် ...
ကွမ်းလုံ ရက်လေးဆယ် တိုက်ပွဲမှ......
စစ်သည်တော်ဟောင်းကြီး တစ်ဦး ....
Sign up here with your email
ConversionConversion EmoticonEmoticon