တရုတ်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲ ဗီယက်နမ်နှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာရှုံးပွဲကြုံ


တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် တရုတ်-အာဆီယံ လူငယ်ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် မြန်မာယူ-၁၅ အသင်းသည် ဗီယက်နမ်ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အုပ်စုအဖွင့်ပွဲစဉ်အား မတ်လ ၄ရက်နေ့တွင် တရုတ်နိုင်ငံ ဒုံဇင်းမြို့ ဒုံဇင်းမြို့တော် အားကစားကွင်း၌ မြန်မာ ယူ-၁၅ အသင်းနှင့် ဗီယက်နမ်ယူ-၁၅ အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ပြီး ဗီယက်နမ်အသင်းက ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲစဉ် နှစ်သင်းစလုံးမှာ ခြေရည်တူကစားနိုင်ခဲ့ပြီး မြန်မာအသင်းက အဆုံး သတ်ပိုင်းညံ့ဖျင်းမှု နှင့်အတူ ရှုံးပွဲကြုံတွေခဲ့ရခြင်း ဖြစ်သည်။ ပွဲချိန် ၅မိနစ်၌ပင် ဗီယက်နမ်အသင်းက ငုယင် ဒိုင်ခီအန်၏သွင်း ဂိုးဖြင့်ပွဲကို ဦးဆောင်ကစားခဲ့သည်။ ထို့နောက် ပွဲချိန် ၁၁ မိနစ်တွင် နံပါတ် (၉) ဟိန်း ထက်အောင် ကဂိုးသမားဆီက အံထွက်လာသည့် ဘောလုံးကို အပိုင်ပိတ်သွင်းပြီး ချေပဂိုး ရရှိခဲ့သည်။ ပထမပိုင်းပြီးခါနီးပွဲချိန် ၄၃မိနစ်တွင် ဗီယက်နမ် နံပါတ် (၂၃) ဘူအန်ဒူ ကအသင်းအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်း ကစားကွက်တည်မရဖြစ်နေပြီး ဗီယက်နမ်အသင်းက ဖိကစားလာ ခဲ့သည်။ သို့သော်လည်း မြန်မာနောက်တန်းနှင့် ဂိုးသမား အကောင်းဆုံးကာ ကွယ်နိုင်ခဲ့သည်။ ပွဲပြီးခါနီးတွင် မြန်မာအသင်း တိုက်စစ်မြှင့်လာပြီး ချေဂိုးရရှိရန် ကြိုးစားလာပြီး အပိုင်ဂိုးသွင်းများရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့၍ ပွဲအပြီးတွင် မြန်မာ ၁-၂ ဗီယက်နမ် ရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းသည် မတ်လ (၆) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၁၁း၃၀) နာရီတွင် မလေးရှား ယူ-၁၅ အသင်းနှင့် လည်းကောင်း၊ မတ်လ (၈) ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် အိမ်ရှင်တ ရုတ် ယူ-၁၅ အသင်းနှင့် လည်းကောင်း ဒုံဇင်းမြို့တော် အားကစားကွင်း ၌ပင် အုပ်စုပွဲစဉ်များအား ဆက် လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ယခု ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၄) သင်း ဖြစ်သည့် တရုတ်၊ မြန်မာ၊ ဗီယက်နမ် နှင့် မလေးရှား အသင်းတို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရခြင်း ဖြစ်ပြီး အုပ်စုပွဲစဉ်များအားလုံး အပြီး အုပ်စု ပထမနှင့် ဒုတိယ ရရှိသည့် နှစ်သင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ အမှတ်အနည်း ဆုံး နှစ်သင်းမှာ တတိယနေရာလုပွဲ အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

MKZ | Planet Myanmar Network
Previous
Next Post »
Powered by Blogger.