တရုတ်အမျိုးသမီး လေသူရဲများ မလေးရှားတွင် လေကြောင်းစွမ်းရည် ပြသမည်


မလေးရှားနိုင်ငံရဲ့ လန်ကာဝီ နိုင်ငံတကာအဏ္ဏဝါနဲ့ အာကာသပြပွဲအတွက် တရုတ်လေယာဉ် ၉ စင်း မတ် ၁၁ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး အုပ်စုက လေကြောင်းစွမ်းရည် ပြသမှာ ဖြစ်ပါတယ်။

လေယာဉ် ဂျွမ်းအလှပြ ပျံသန်းတဲ့ ဘာယီအဖွဲ့ဟာ ရုရှားလေကြောင်းပြပွဲကို လည်ပတ်အပြီး ခုတကြိမ်ဟာ ဒုတိယမြောက်အကြိမ် ဖြစ်ပါတယ်။ လေယာဉ် ကျွမ်းဘား ပျံသန်းမှုအဖွဲ့ ခေါင်းဆောင် ကောင်းကျန်းကျွမ်း က သူတို့အဖွဲ့ဟာ လှုပ်ရှားမှု ၂၀ ပါတဲ့ ပျံသန်းမှု အကျော့ ၃ ခါ လုပ်ဖို့ ပြင်ဆင်ထားခဲ့ပြီး အခြေစိုက်စခန်း ကနေ လန်ကာဝီ နိုင်ငံတကာလေဆိပ်ထိ ကီလို ၅၀၀၀ နီးပါး အကွာအဝေးကို ပျံသန်းရမှာ ဖြစ်တဲ့အတွက် စေ့စေ့စပ်စပ် ကြိုတင် ပြင်ဆင်ထားပြီးပြီလို့ ပြောပါတယ်။

ပြပွဲအတွင်း မလေးရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အဖွဲ့တွေနဲ့အတူ Su-30, F-16, F-18 and Rafale jets လေယာဉ်တွေကို မောင်းနှင်း ပျံသန်း ရမှာပါ။ တရုတ်အမျိုးသမီး လေသူရဲ ၄ ဦးက J-10 တိုက်လေယာဉ် ၄ စီးကို ပျံသန်း ပူးပေါင်းမှာ ဖြစ်ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.