ကျမ အိုသွားသောအခါ


ကျမ အိုသွားသောအခါ ~~~
ကျမထက်ငယ်တဲ့ မိန်းကလေးတွေ ဘယ်လောက်နုပျိုကြောင်း မောင် မပြောပါနဲ့
ကျမထက် ပြင်ပြင်ဆင်ဆင်နေတတ်တဲ့ မိန်းကလေးတွေ ဘယ်လောက်ထိ စမတ်ကျကြောင်း မောင် မနှိုင်းယှဉ်ပါနဲ့
ကျမရဲ့ အလှပြင်ချိန်တွေ လျော့ကုန်တာ မောင်နဲ့ မိသားစုအတွက်ပါ ။
ကျမ အိုသွားသောအခါ ~~~
ကျမကို စိတ်ကုန်လာပြီ ငြိုငြင်လာပြီဆိုတဲ့ စကားလေးနဲ့တောင် မစနောက်ပါနဲ့
မောင်လဲ အဖိုးကြီးဖြစ်နေပြီဆိုတာကို သိတတ်ပါ ။
ကျမ အိုသွားသောအခါ ~~~
ကျမအပေါ်ထားတဲ့ မောင့်ရဲ့စိတ်တွေ ပြောင်းလဲခြင်းကို မလိုချင်ဘူး
အရေပြား အပ်တစ်ထောက်စာအတွက် မောင် မက်မောမှာကို မလိုချင်ဘူး ။
ကျမစိတ်ကိုယူပါ
ကျမနုပျိုမှုကို စီမံပါ
ကျမအချိန်တွေကို ခန့်ခွဲပါ
ကျမအိုသွားသောအခါ ~~~
ကျမအိုသွားသောအခါ ~~~
မဖောက်လွဲတဲ့စိတ်ဖြစ်စေမယ့် တည်မြဲသော ယောကျာ်းကတိ အခုကတည်းက ပေးပါ ။ ။ ။

ရှင်နှိုင်းမှီ
Previous
Next Post »
Powered by Blogger.