ရီမန်နိုင်ငံက Shiite စစ်တပ်တွေက တိုက်ခိုက်မှုတွေ ပိုလုပ်နေပြီး ဆူနီ လူမျိုးတွေအပြင် သမ္မတ သစ္စာ ခံတွေနဲ့ပါ တိုက်ခိုက်မှု ဖြစ်နေတဲ့အတွက် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး လိုက်ပါတယ်။
Shitte စစ်တပ်တွေကို Houthi အဖွဲ့လို့လည်း ခေါ်ဝေါ်ပြီး အဲဒီအဖွဲ့ဟာ အရင်လတုန်းကပဲ မြို့တော် Sanaa မြို့ကို သိမ်းပိုက်ထားပါတယ်။
မြို့တော်ကို သိမ်းပိုက်ထားတာကြောင့် သမ္မတ Mansour Hadi က တောင်ပိုင်းက Aden မြို့ဆီကို ထွက်ပြေးခဲ့ရပါတယ်။
အခုအခါမှာ Aden မြို့ဆီကို သွားတဲ့ Taiz မြို့ကိုလည်း Houthi အဖွဲ့က သိမ်းပိုက်နေပြီး Aden ကို သိမ်း ပိုက်နိုင်ဖို့ လူအင်အား ထောင်နဲ့ချီ ပို့ဆောင်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
လမ်းတလျှောက်မှာ တွေ့တဲ့ အဖွဲ့မှန်သမျှကို တိုက်ခိုက်နေပြီး ဆူနီအဖွဲ့နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတာပါ။
ရီမန် မြောက်ပိုင်းကို Houthi က ထိန်းချုပ်ပြီး တောင်ပိုင်းမှာတော့ လက်ရှိသမ္မတ Mansour Hadi ကို ထောက်ခံသူတွေများတဲ့အတွက် နိုင်ငံက နှစ်ခြမ်းကွဲနေသလို ဖြစ်နေပါတယ်။
မငြိမ်မသက်မှုတွေ ဖြစ်နေပြီး အရင်တစ်ပါတ်ကပဲ Houthi တွေ ကြီးစိုးတဲ့ မြို့တော် Sanaa မှာ IS အဖွဲ့က ဗုံးဖောက်ခွဲခဲ့တဲ့အတွက် လူပေါင်း ၁၄၂ ယောက် သေဆုံးခဲ့ရပါတယ်။
ဒီလို အဖွဲ့တွေအကြား မငြိမ်းမသက်မှုတွေ ဖြစ်နေတဲ့အတွက် ကုလသမဂ္ဂကလည်း တနင်္ဂနွေနေ့တုန်းက အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ခဲ့ရပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက လက်ရှိ သမ္မတ Mansour Hadi ဘက်က ရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။
ရီမန်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်လာမယ်ဆိုရင်တော့ လစ်ဗျားနဲ့ ဆီးရီးယားမှာ ဖြစ်နေတဲ့ ပြဿနာ နှစ်ခု ပေါင်း တာလောက် ကြီးမားလိမ့်မယ်လို့ ကုလသမဂ္ဂ အရာရှိ Jamal Benomar က ပြောပါတယ်။
ံHouthi အဖွဲ့ကို အီရန်က ကျောထောက်နောက်ခံ ပြုထားတယ်လို့ ယူဆရပြီး အဲဒီအဖွဲ့ဟာ ဆူနီမွတ်စလင် အပြင် Al-Qaeda အဖွဲ့နဲ့ပါ တိုက်ပွဲတွေ ဖြစ်နေတာပါ။
အခုလည်း နယ်မြေချဲ့ထွင်မှုတွေ လုပ်နေပြီး စာသင်ကျောင်းတွေကိုလည်း စစ်စခန်းအဖြစ် အသုံးပြုနေကြပြီ လို့ ဒေသခံတွေက ပြောပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon