ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုများရှိနေခြင်းကြောင့် လတ်တလောတွင် ကြက်များ အကြောင်းမဲ့သေဆုံးပါက ထုတ်ရောင်းခြင်း မပြု ကြရန်လိုဟုဆို


ကြက်မွေး မြူသူများအနေဖြင့် လတ်တလော တွင် ကြက်များအကြောင်းမဲ့သေ ဆုံးပါက ထုတ်ရောင်းခြင်း မပြုဘဲ မြေမြှုပ်ကြဖို့လိုကြောင်း မွေးမြုရေး နှင့် ကုသရေးဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်
ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ တိရစ္ဆာန်ဆေး ကုသရေးအသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက် တာအောင်ကြီးက ပြော ကြားလိုက် သည်။

ဖေဖော်ဝါရီ ၁ဝရက်မှ ၂၅ရက် နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး မုံ ရွာခရိုင်ရှိ ကြက်မွေးမြူရေးဇုန်ရှိ ကြက်
မွေးမြူရေးခြံများမှ ကြက်နှင့် ငုံးကောင်ရေ သောင်းချီ သေဆုံးမှုများ ဖြစ်ပွားခဲ့ရာ ယင်းတို့အားစစ်ဆေး ရာ တွင် ကြက်ငှက်တုပ်ကွေး (H5N1) ဗိုင်းရပ်စ်ပိုးများကိုတွေ့ရှိခဲ့ရ ခြင်းကြောင့် ဒေါက်တာအောင်ကြီး က ယင်းသို့သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒီရောဂါပိုးက (H5N1)ဆို တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။လူကိုလဲ ကူးစက်နိုင်တယ်။ ကြက်တွေ ကျတော့ကူးစက်တာလဲ မြန်တယ်၊ ရောဂါပြင်းထန်တယ်၊ အသေများ တယ်။ မွေးတဲ့သူတွေကလဲ နည်းစ နစ်တွေမြှင့်ပြီးမွေးသင့်တယ်။ ကြက် တွေအကြောင်းမဲ့ သေဆုံးရင်ထုတ် မရောင်းသင့်ဘူး၊ မြေမြှုပ်သင့် တယ်၊ ပြီးရင်ရောဂါဖြစ်ကြောင်းကို မွေးမြူ ရေးနဲ့ကုသရေးဦးစီးဌာနကို အကြောင်း ကြားသင့်တယ်''ဟု ယင်းက ဆက် လက်ပြောသည်။

ထို့ပြင် ကြက်သားရောင်းချသူ များမှလည်း နှာခေါင်းစည်း၊ လက် အိတ်များနှင့် ရောင်းချသင့်ကာ၊ စား သုံးသူ များကလည်း နူးနူးနပ်နပ်ချက် ပြုတ်စားသုံးသင့်ကြောင်း ဒေါက်တာ အောင်ကြီးက ပြောသည်။

''ရောင်းတဲ့သူတွေအနေနဲ့လဲ ဈေးပေါပေါနဲ့ရမယ်ဆိုပြီးမရောင်း သင့်ဘူး။ တချို့က နနွင်းမှုန့်တွေဆိုး ပြီး ရောင်းကြတာတွေရှိတယ်။ မ ရောင်းသင့်ဘူး။ ရောင်းတဲ့သူတွေ ကိုယ်တိုင်လဲ နှာခေါင်းစည်းစည်းပြီး လက်အိတ်စွပ်ပြီး ရောင်းသင့်တယ်။ နောက်လက်မှာ ဒဏ်ရာတွေ၊ ဘာ တွေရှိနေရင် ရောဂါပိုးဝင်နိုင်တယ်။စားသုံးသူတွေကတော့ ဖြစ်နိုင်ရင် အသေသားကို ဝယ်မစားသင့်ဘူး။ ချက်တဲ့အခါမှာလဲ နူးနူးနပ်နပ်ချက် ပြုတ်စားသောက်ပြီး အပူချိန် ၁ဝဝ ဒီဂရီစင်တီဂရိတ်နဲ့ကြော်ချက်စား သောက်သင့်ပါတယ်''ဟု ယင်းကပင်
ပြောသည်။

လက်ရှိတွင် အဆိုပါရောဂါဖြစ် ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မွေးမြူရေးဇုန်တွင် တိ ရစ္ဆာန်
မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနအောက်ရှိ ရောဂါထိန်းချုပ်ကာ ကွယ်တားဆီးရေးအဖွဲ့မှ ဇီဝလုံခြုံရေး လုပ် ငန်းများကို အရှိန်မြှင့်လုပ်ဆောင် နေကြောင်း သိရသည်။

''ရန်ကုန်မှာ ဖြစ်မဖြစ်တော့ မ သိဘူး။ ဈေးထဲမှာတော့ ကြက်သား တွေဝယ်နေကြတာပဲ။ ဈေးမကျ ဘူး။ ပုံမှန်ပဲ''ဟု တာမွေမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ဆို သည်။

အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ် နိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသ ရေးဦး စီးဌာနကလည်း ကြေညာချက် တစ်ခုထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ဆောင်းခို ငှက်များနှင့်အိမ်မွေး ကြက်၊ ငှက်၊ ဘဲ၊ ငုံးများဆက်စပ်ထိတွေ့မှုမရှိစေ ရေး ဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ဘဲ၊ ငုံးစသည့်ကြက်ငှက်မွေးမြူရေးခြံ များ၏ဇီဝလုံခြုံရေးကိုအထူးဂရုပြု ဆောင် ရွက်ရန်၊ ကြက်ငှက်မွေးမြူရေး ခြံများနှင့်ကြက်ဘဲအရှင် ဈေးများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ် တကျဆောင်ရွက်ရန်နှင့် ခြံပတ်ဝန်း ကျင်သန့်ရှင်းရေးနှင့်မွေးမြူရေးခြံ သုံးပိုးသတ်ဆေးဖျန်းခြင်းပုံမှန်ပြုလုပ် ရန်၊ ကြက်ခြံအတွင်းသို့ဝင်ပါက နှာ ခေါင်းစည်း၊ လက်အိတ်စသည့် အ ကာအကွယ် ပစ္စည်းများစနစ်တကျ ဝတ်ဆင်ရန်၊ ကြက်ငှက်များကိုကိုင် တွယ်ပြီးတိုင်း၊ ကြက်ခြံမှထွက်သည့် အခါတိုင်းဆပ်ပြာဖြင့် လက်ဆေး
ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်း မျာဆောင်ရွက်ရန်၊ ကြက်၊ ငှက်အ သား၊ ဥစသည်တို့ကို သေချာ စွာချက် ပြုတ်ပြီးမှ စားသုံးရန်၊ ကြက်၊ ငှက် များရုတ်တရက်သေဆုံးကြောင်းသိ ရှိရပါက နီးစပ်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်တို့သို့ ချက်ချင်းသတင်းပို့ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ရော ဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များ နှင့်ပူးပေါင်း ဆောင်ရွက်ရန် စသည့် အချက်များပါဝင်သည်။

MTZ | ဒီမိုကရေစီတူဒေး
Previous
Next Post »
Powered by Blogger.