ပဲဆီအတုများမှာ ပြည်တွင်း ဆီဈေးကွက်အတွင်း ကျယ်ကျယ်ပြန့် ပြန့်နေရာယူလာပြီး ဈေးကွက်ဝေစု အများ ဆုံးရရှိနေသောကြောင့် ပြည် တွင်းပဲဆီလုပ်ငန်းရှင်များအတွက် လုပ် ငန်းရပ်တည်မှု ထိခိုက်လာသည်ဟု ပဲဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိ ရသည်။
''ပဲဆီမစစ်တာတွေကို စားအုန်း ဆီနဲ့ ရောရောင်းနေတာတွေကြာပြီ။တချို့ဆို တံဆိပ်တွေနဲ့ ဟိတ်ကြီး၊ ဟန် ကြီးကြော်ငြာပြီး ညာရောင်းတာတွေ တောင်ရှိတယ်။ တကယ့်ပဲဆီစစ်စစ် လုပ်ငန်းရှင်တွေ ပြုတ်ကုန်ပြီ''ဟု ဆီ ထုတ်လုပ်သည့်လုပ်ငန်းရှင် ဦးအောင် ကျော်လွင်က ပြောသည်။
ဈေးကွက်ထဲသို့ရောက်ရှိနေသော ပဲဆီအများစုမှာ ပဲဆီအတုများအား အဆင့်မြင့်သန့်စင်ပြီး စားအုန်းဆီများ ကို ပဲဆီအနံ့ထွက်သည့်အနံ့ဆေးနှင့် ရောနှောရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ဝယ်ယူသုံးစွဲသူ များမှာ ဈေးနှုန်း သက်သာပြီး ပဲဆီစစ်စစ်ထက် အနံ့ ကောင်းမွန်မွှေးပျံ့သည့်အတွက် ပဲဆီ အစစ်အမှတ်ဖြင့် ပိုပိုဝယ်ယူလာကြ သဖြင့် ပဲဆီစက်လုပ်ငန်းရှင်များမှာ စက်လည်ရန်အခက်အခဲဖြစ်လာပြီး လုပ်ငန်းဆက် လက်မလည်ပတ်နိုင် တော့ဘဲ ရပ်ဆိုင်း၍ တခြားစီးပွားရေး လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင် လာကြ
ကြောင်း သိရသည်။
''ပဲတစ်ပိဿာတင် ၂ဝဝဝကျော် နေတာ ပဲဆီတစ်ပိဿာ ၂၅ဝဝဆိုတာ မဟုတ်ဘူးဆိုတာ နဂိုကတည်းကသိ ကြ ပြီးသား။ အဲဒီအတွက် ရိုးရိုးသား သားလုပ်နေတဲ့သူတွေ မအောင်မြင် တော့ဘူး''ဟု ရွှေပြည်သာစက်မှုဇုန်မှ ပဲဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း ပဲဆီအစစ် တစ်ပိဿာ လျှင် ငွေကျပ် ၄၃ဝဝ ဝန်း ကျင်ရှိပြီး အနံ့ပါသော ပဲဆီအတုမှာ ငွေကျပ် ၂၂ဝဝခန့်သာရှိသဖြင့် ဈေး နှုန်းကွာဟချက်ကြီးမားပြီး ဝယ်ယူသူ များပြားကာ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံအထက်ပိုင်းဒေသများရှိ ဆီစက် များ ၁ဝရာခိုင်နှုန်းခန့်သာ လည်ပတ် နိုင်တော့ကြောင်း သိရသည်။
ရန်ကုန်မြို့မှ ဆီစက်ပိုင်ရှင်များ ၏ ပြောကြားချက်အရ ၂ဝဝ၉ခုနှစ် က ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီစက် ၃၇လုံးကျော်ရှိခဲ့ပြီး ၂ဝ၁၂ခု နှစ်တွင် ၁၂လုံးခန့်သာ လည်ပတ်နိုင် ခဲ့ကာ လက်ရှိအချိန်တွင် လုပ် ငန်းအ ရှုံးပေါ်သဖြင့် တခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သွားရာ လုပ်ငန်း လည်ပတ်သူ လေးဦးသာ ရှိတော့ကြောင်း သိရသည်။
ဖြူသစ်လွင်
Sign up here with your email
ConversionConversion EmoticonEmoticon