သာ့သနာနယ်မြေအတွင်း မသင့်လျော်သော အပြုအမူများ ပြုလုပ်နေသည့် သပိတ်ကျောင်းသားများအား မီဒီယာများ ဖော်ပြ




အမျိုးသားပညာရေးဥပဒေမူကြမ်းပြင်ဆင်ရေးအား လွှတ်တော်တွင် ချပြဆွေးနွေးရန် ဆောင်ရွက်ဆဲတွင် လက်ပံတန်းမြို့ ၊ အောင်မြေဗိမ္မာန်ကျောင်းတွင် ခေတ္တစောင့်ဆိုင်းတည်းခိုနေသော မန္တလေးမြို့အခြေပြု သပိတ်ကျောင်းသားတို့၏ နေမှုထိုင်မှုများအား ဓါတ်ပုံသတင်းထောက် ကိုဂျေပိုင်မှ သွားရောက် ရိုက်ကူးခဲ့ပြီး ဧရာဝတီသတင်းဌာနမှ တင်ပြခဲ့သည် ။

ယင်းသို့လက်ပံတန်းမြို့တွင် အနားယူနေသည့်ကျောင်းသားများသည် အနေအထိုင် ၊ အပြောအဆိုများမှာ ကျောင်းသား လူငယ်မပီသမှုတို့ တွေ့ကြုံနေရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့အပြီးတွင် ယခုကဲ့သို့ သတင်းဌာနများထံမှ ဓါတ်ပုံများ ထွက်ရှိလာခြင်းဖြစ်သည်။ မီဒီယာတွင် ဖော်ပြခဲ့သော ဓါတ်ပုံများအရ တည်းခိုရာ ဘုန်းကြီးကျောင်းတိုက်အတွင်း ဘောလုံး ကန်ခြင်းများ ၊ ကွန်ပျူတာဂိမ်းများကစားခြင်း ၊ ညဥ့်အချိန်တွင် ကျောင်းဝင်းအတွင်း ဂီတာတီး သီချင်းဆိုခြင်းများ ပြုလုပ် နေသည်ကို တွေ့ရှိနေရသည် ။

ထိုကဲ့သို့ ဖြစ်ရပ်များသည် မီဒီယာတွင် ဖော်ပြခြင်းမခံရသည့် အချိန်ကတည်းက ရှိနေပြီး ကျောင်းရှိ ရဟန်း ငယ်များနှင့် လည်း မသင့်မတင့်ဖြစ်နေသည်ဟု မင်းရပ်ရပ်ကွက်နေ ပြည်သူများထံမှ ကြားသိရသည် ။

သပိတ်ကျောင်းသားတို့သည် ဘုန်းကြီးကျောင်းများတွင်သာ တည်းခိုကြသော် လည်း ၎င်းတို့ ပြင်ဆင်ရေး ဆွဲသော ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ခုတွင် ကျောင်းသားခေါင်းဆောင်တစ် ဦးမှ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ဖျက်သိမ်းရန် တောင်းဆိုသောကြောင့် လူမှီုဒီယာ ကွန်ရက်တွင် ပြစ်တင်ရှုတ်ချမှုများ ခံနေရသည် ။

ကြေးနီလမ်းအတွင်း နေထိုင်သူတစ်ဦးကမူ ၎င်းတို့သည် ကျောင်းဝန်းအတွင်း အနည်းဆုံးတစ်ပတ်တစ်ခါမျှ သန့်ရှင်းရေး လုပ်ဆောင်ပေးနေကြောင်း ၊သပိတ်အဖွဲ့များရောက်ရှိစဉ်က ကျောင်းသားများဟု နားလည်ပေး ခဲ့သော်လည်း သပိတ်အဖွဲ့ များသည် စည်းကမ်းမဲ့လာကြောင်း ၊ ယခုဆိုလျှင် ဓမ္မာရုံနှင့်အိမ်သာများတွင် ကွမ်းတံတွေးများ ပေရေနေကြောင်း ၊ ညဥ့်အချိန်တွင် ဂီတာခေါက်နေသောကြောင့် သံဃာများ ဝတ်တက် ချိန်ကို အနှောင့်အယှက်ပေးနေကြောင်း ပြောကြား သည် ။

သပိတ်ကျောင်းသားများသည် ပညာရေးဥပဒေပြင်ဆင်ပေးရန်နှင့် ၎င်းတို့ပြင်ဆင်ထားသည့် ဥပဒေအား လက်ခံရန် တောင်းဆိုနေပြီး မတ်လ ၁ ရက်နေ့တွင် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဟု ဆိုသည် ။ ယခင်ကလည်း ဆွေးနွေးမှုများ အောင်မြင်သည်ဖြစ်စေ ၊မအောင်မြင်သည်ဖြစ်စေ ရန်ကုန်သို့ မရောက်ရောက်အောင်ချီတက်မည်ဟု ကြွေးကြော်ထားသည် ။

နယ်စပ်ဒေသတွင် သောင်းကျန်းသူများစုပေါင်း၍ လောက်ကိုင်မြို့အား သိမ်းပိုက်ရန်ကြိုးစားနေချိန်တွင် ရန်ကုန်မြို့ တွင်လည်း အလုပ်သမားသပိတ်များ ဖြစ်ပေါ်နေသည် ။ပညာရေးဥပဒေပြင်ဆင်မည့် သပိတ်ကျောင်းသားအဖွဲ့များသာ ရန်ကုန်ရောက်ရှိလျှင် သပိတ်များ ပေါင်းစုံပြီး ဆူပူမှုများဖြစ်လာမည်ကို ရန်ကုန်မြို့နေထိုင်သူများက စိုးရိမ်နေကြသည် ။

Pyay News
Previous
Next Post »
Powered by Blogger.