တိုင်းပြည်၏ သမိုင်းရာဇဝတ်မှုများအား ပြောင်းပြန်မလုပ်ရန် ဂျပန်အိမ်ရှေ့မင်းသား နာရူဟီတိုပြော


အမျိုးသားစိတ်ဓာတ်ပြင်းထန်သူနိုင်ငံရေးသမားများသည်တိုင်း ပြည်၏ သမိုင်းဝင်ရာဇဝတ်မှုများကို မူလဖြစ် သည်ထက် အရေးမပါအောင်လုပ်နေသည့်အတွက် ဒုတိယကမ္ဘာစစ် အချိန်ကအဖြစ်အပျက်များကို မှန်မှန် ကန်ကန်သတိရရန် ဂျပန်အိမ်ရှေ့မင်းသား နာရူဟီတိုကနိုင်ငံရေးအငြင်းအခုံဆွေးနွေးပွဲတစ်ခုတွင် သတိပေးပြောကြားလိုက်သည်။

အိမ်ရှေ့မင်းသား နာရူဟီတိုကအဆိုပါအပြုအမှုသည် ဂျပန်တို့၏ စစ်အတွင်းက လိင်ရာဇဝတ်မှုများကို ပေါ့တန်သေးသိမ်အောင်လုပ်နေသောလက်ယာယိမ်းသမား ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကို အပြစ်တင်ခြင်းဖြစ် သည်ဟု လူများကထင်မြင် ယူဆကြသည်။

‘ဒီနေ့မှာစစ်တုန်းကအဖြစ်အပျက်တွေကမှိန်ဖျော့လာတယ်။ ဆိုး ရွားမှားယွင်းခဲ့တဲ့ဖြစ်ရပ်တွေကိုပြန်ပြင်ကြဖို့ ဂျပန်ဖြတ်သန်းခဲ့တဲ့လမ်း ကြောင်းတွေဟာစစ်ပွဲကိုသိသူတွေဆီမှမသိခဲ့သေးတဲ့မျိုးဆက်တွေကရယူခဲ့လို့ ကျွန်တော်ကတော့အတိတ်ကိုပြန်ကြည့်ခြင်းဟာ အရေးပါတယ်လို့ထင်ပါတယ်’ ဟု ဂျပန်မင်း သားကပြော ကြားသည်။

ဂျပန်နှင့်သမိုင်းကြောင်းအရဆက်ဆံရေး အဖုအထစ်ရှိသည့် တ ရုတ်နှင့် တောင်ကိုးရီးယားအပေါ် ဝန် ကြီး ချုပ်အာဘေး၏ အငြင်းပွားဖွယ်အမြင်ကြောင့်အမေရိကန်အစိုးရကိုစိတိမသက်မသာဖြစ်နေချိန်တွင် အ သက် ၅၅ နှစ်မြောက်မွေးနေ့တွင်မင်း သားကအဆိုပါမှတ်ချက်ကိုပြောကြားခဲ့သည်။

တရုတ်၊ အနောက်နိုင်ငံများနှင့် ဂျပန်ကစစ်ဖြစ်ခဲ့သည့် ၂၀ ရာစုနှစ်တစ်ဝက်လောက်က ကာလများသည်အာ ရှတွင်ရက်စက်မှုများ လွှမ်းမိုးနေသည့်ကာလများအကြောင်း ပြော ကြားရာတွင် ပို၍ကရုဏာနှင့် ပြောခြင်းကို သူလိုချင်ကြောင်း ဝန်ကြီး ချုပ်အာဘေးကပြောကြားခဲ့သည်။

အနှစ် ၇၀ မြောက် ဂျပန်စစ်ရှုံး ခဲ့ခြင်း အခမ်းအနားကိုကျင်းပရန်အတွက်သူ၏ ထုတ်ပြန်ချက်များကိုအကြံ ဉာဏ်ပေးနိုင်ရန်အကြံပေး ၁၆ ယောက်ကို ဝန်ကြီးချုပ်အာဘေး က ပြီးခဲ့သည့်အပတ်ကခန့်အပ်ခဲ့သည်။

ဂျပန်နိုင်ငံကသူ၏ ကျူးလွန်မှုများအတွက် ယခင်ကာလတောင်းပန်မှုများဘက်ကနေသူရပ်တည်အား ပေး သည်ဟု အာဘေးကပြောကြား ခဲ့သည်။ သို့သော်လည်း စစ်အတွင်း က ဂျပန်စစ်သားများကကိုရီးယား နှင့် တရုတ်အမျိုးသမီးများကို စော်ကားခဲ့မှုများအတွက်ဒေါသပြစ်တင်မှုများ ကြီးထွားလာသည့်အချိန်တွင် အာဘေးသည် အဆိုပါပြဿနာကိုပေါ့တန်စေရန်လုပ်နေသည်ဟု စွပ်စွဲမှုများ ထွက်နေသည်။

သမိုင်းပညာရှင်များ၏ ပြောကြားချက်အရကိုရီးယားအမျိုးသမီးများ အများဆုံးပါသည့်အမျိုးသမီးနှစ်သိန်း ကျော်သည်စစ်အတွင်း ဂျပန်စစ်သား များ၏ လိင်ကျေးကျွန်များအဖြစ်မတရားခိုင်းစေခံခဲ့ရသည်ဟု ဆိုသည်။

ဂျပန်လက်ယာယိမ်းသမားများ က ထိုကဲ့သို့ကိုရီးယားကျွန်းဆွယ်တွင် ဂျပန်စစ်သားများ ကျုးလွန်ခဲ့သည်များ အထောက်အထားမရှိဟု ဆိုကာစွပ်စွဲချက်များကို တရားဝင်ငြင်းဆန်ခဲ့သည်။

လင်းလင်း | The Ladies News Journal
Previous
Next Post »
Powered by Blogger.