မိမိအချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် ပျောက်ဆုံးနေပြီးနောက် ချက်ပြုတ်ပြီးသား ဟင်းလျာ အဖြစ် ပြန်တွေ့လိုက်ရသည့် အခြေအနေကို တိရစ္ဆာန်ချစ်သူ မည်သူကမျှ ခံစားနိုင်မည် မဟုတ်ချေ။ အိပ်မက်ဆိုးဆန်လှသည့် အဆိုပါ ကိစ္စမျိုးသည် ဗီယက်နမ်မှ အသက်(၅)နှစ်အရွယ် ကလေးမလေးတစ် ဦးအတွက် လက်တွေ့ဖြစ်လာသည်။
အသင့်စားသုံးရန် အခြေအနေမျိုး စီမံမွမ်းမံထားသည့် ခွေးကောင်လုံးကင် အနီးတွင် ထိုင်ရင်း ဝမ်းနည်းပက် လက် ငိုကြွေးနေသည့် မိန်းကလေးငယ်တစ်ဦး၏ ဓာတ်ပုံသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗီယက်နမ် အင်တာနက် သုံးစွဲသူများကြား လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။
အမည်ဖော်ပြထားခြင်း မရှိသည့် ကလေးမလေးသည် ဗီယက်နမ် မြောက်ပိုင်း တောမြို့လေး တစ်ခုတွင် နေထိုင်ပြီး ဖလားဝါး အမည်ရှိ သုံးနှစ်အရွယ် ခွေးမလေးနှင့် အလွန်ရင်းနှီး ကျွမ်းဝင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဖလားဝါးသည် ပျောက်ချင်းမလှ ပျောက်သွားပြီးနောက် ဝမ်းနည်းစိတ်ပူနေသည့် ကလေးမလေး က မိဘများ၏ အကူအညီဖြင့် သူမ၏ ခွေးကလေးကို လိုက်လံ ရှာဖွေခဲ့သည်။ သို့သော်လည်း ဖလားဝါးကို လုံးဝ ပြန်မတွေ့ခဲ့ချေ။
နောက်ထပ် ရက်အနည်းငယ် အကြာတွင်မူ ကလေးမလေးသည် မြို့ထဲရှိ ခွေးသားရောင်းချသည့် စားသောက်ဆိုင်တစ်ခုအနီး ဖြတ်သွားရာမှ ဆိုင်ထဲတွင် ချိတ်ထားသည့် ခွေးကောင်လုံးကင်ကို သတိပြုမိသွားသည်။ “အဲဒါ ဖလားဝါးပဲ”ဟု သူမက တတွတ်တွတ် ငိုရင်း ပြောဆိုနေခဲ့သည်။ ကြေကွဲဖွယ် အဆိုပါ မြင်ကွင်းကို လူတစ်ဦးက ဓာတ်ပုံရိုက်ပြီး အင်တာနက်တွင် လွှင့်တင်ခဲ့ရာ လူပေါင်း ထောင်သောင်း ချီပြီး ဖြန့်ဝေခဲ့ကြသည်။
အများစုက အဆိုပါ အခြေအနေမျိုးသည် ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအတွက် အလွန်ရက်စက် လွန်းရာ ကျနေကြောင်း မှတ်ချက်ပြုကြပြီး ဗီယက်နမ်တွင် ခွေးသား ရောင်းချခွင့် ပိတ်ပင်ရန် တောင်းဆိုနေ ကြသည်။ ခွေး၏ အသားကို ကိုရီးယား၊ ဗီယက်နမ်နှင့် တရုတ်အစရှိသည့် အာရှနိုင်ငံများတွင် ဟင်းလျာသ ဖွယ် ချက်ပြုတ် စားသောက်လျက် ရှိသည်။
ဟနွိုင်းမြို့တော်တွင် နေ့စဉ်နေ့တိုင်း ခွေးအရှင် (၇)တန်မျှကို သားသတ်ရုံများသို့ တင်ပို့နေသည့် မှတ်တမ်း ဗီဒီယိုအား Channel 4က ထုတ်လွှင့် ပြသခဲ့ဖူးသည်။ ထို့အပြင် သားသတ်ရုံ လုပ်ငန်းရှင် တစ်ဦးက မိမိ သည် နေ့စဉ် ခွေးအကောင် (၃၀)ကို လက်ခံ သတ်ဖြတ်ပေးနေကြောင်းလည်း ပြောကြားထားသည်ကို ဗီဒီယိုထဲ၌ တွေ့ရသည်။ ယင်းတို့အနက် တယုတယ မွေးမြူထားရာမှ ခိုးယူခံလာရသည့် ခွေးများလည်း ပါဝင်ကြောင်း သိရှိရသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon