ဝက်သတ် ပွဲတော်




ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ပွဲတော် တစ်ခုက အခြားပွဲတော်တွေနဲ့ မတူဘဲ ကွဲပြားခြားနားနေလို့ စိတ်ဝင် စားစရာ ဖြစ်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ တရုတ်နှစ်ကူး ပွဲတော်ရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာ ကတည်းက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲတော်ဟာ တိရိစ္ဆာန် တွေအပေါ် သနား ကြင်နာမှု ကင်းတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပွဲတော်မှာ ၀က်တွေကို အများမြင်ကွင်းရှေ့ အရှင်လတ်လတ် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။

ပွဲတော် ကျင်းပတဲ့ ရည်ရွယ်ချက်က ကံကောင်းမှုတွေရရှိစေဖို့ ဖြစ်ပါတယ်။ ဒီနှစ်ပွဲတော်မှာ ၀က်နှစ်ကောင် ကို ကြိုးနဲ့ချည် သယ်ဆောင် လာပြီး သတ်ဖြတ်ပြခြင်း ဖြစ်ပါတယ်။ ၀က်တွေကို လုံးဝ လူပ်ရှားလို့ မရအောင် ပြုလုပ် ထားပြီး ဓားရှည်ကြီးတွေနဲ့ ခုတ်ထစ်ပြ လိုက်ခြင်း ဖြစ်ပါတယ်။ ၀က်တွေ သေဆုံးသွား ပြီးနောက် ထွက်လာတဲ့သွေးတွေကို ငွေစက္ကူတွေနဲ့ သုတ်လိမ်းကြ ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် ကံကောင်းမှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။

တိရိစ္ဆာန် အခွင့်အရေး ကာကွယ်စောင့် ရှောက်သူတွေ ကတော့ ဒီလိုပြုလုပ်ခြင်းကို အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ ဗီယက်နမ ယဉ်ကျေးမူ ၀န်ကြီး ကလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက် တွန်းထား ပါတယ်။ ဒီပွဲတော်ကို ကျင်းပရာမှာ ပါဝင်တဲ့သူ တစ်ဦးက မိမိတို့ကို အဘိုးအဘွားတွေက အမွေ အနှစ် အဖြစ် ထားရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပွဲတော်ကို လက်ဆင့်ကမ်း ကျင်းပနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ဒီပွဲတော်ကို (၁၃)ရာစုကတည်းက ကျင်းပခဲ့တာ ဖြစ်ပြီး တိရိစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်းတွေ ကတော့ ထုံးတမ်းအစဉ် အလာ တစ်ခုကို အကြောင်းပြုပြီး ဒီလိုပွဲတော်မျိုး ကို ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Messenger
Previous
Next Post »
Powered by Blogger.