ငွေလဲနှုန်းမြင့်တက်လာ ပြီး နွေစပါးအထွက်လျော့နည်းနိုင် သဖြင့် ပြည်တွင်းဆန်ဈေးကွက် တွင် ဈေးနှုန်း မြင့်တက်လာ ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေ သော လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
‘‘တရုတ်က ၀ယ်အား ကောင်းတော့ ဈေးက တက်နေ တယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့နေ သော ကုန်သည် ဦးမျိုးသူရအေး ကပြောကြားသည်။
နိုင်ငံရေး အခြေအနေ ကြောင့် ပြည်တွင်းငွေလဲနှုန်းသည် မတ်လ ၁၁ ရက်တွင် အမေရိ ကန်တစ်ဒေါ်လာ လျှင် မြန်မာငွေကျပ် ၁,၀၇၀ ထိဈေးမြင့်တက် သွားသည်။
ယင်းနေ့မတိုင်မီက အမေရိကန် တစ်ဒေါ်လာလျှင် ၁,၀၅၈ ကျပ်ခန့်သာရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ ပြည်ပဆန်ဈေးကွက်သည် တရုတ်တစ် နိုင်ငံတည်းကိုသာ အများစုတင်ပို့ ရောင်းချနေ ရသည်။ လက်ရှိ တရုတ် - မြန်မာ ငွေလဲနှုန်းမှာ တရုတ်ငွေတစ်ယွမ်လျှင် မြန်မာ ငွေ ၁၆၇ ကျပ်ထိရှိနေ သည်။ ယခင်နှစ်က တရုတ်ငွေ တစ်ယွမ်လျှင် ငွေကျပ် ၁၄၀ ၀န်းကျင်သာရှိ သည်။
ငွေလဲနှုန်းသည် ယခင်နှစ် ဆန်းပိုင်းနှင့် ယခုနှစ်ဆန်းပိုင်း နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် ထိ မြင့်တက်သွား ပြီး ပြည်တွင်း ဆန်ဈေးမှာလည်း ၁၀ ရာခိုင်နှုန်း ကျော်မြင့်တက်လာသည်။ ပြည် တွင်း၌ ဆန်ဈေးနှုန်းမြင့် တက်ချိန် တွင် တရုတ်နိုင်ငံမှလည်း ဈေး ကောင်းပေးဝယ်ယူနေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်အသင်း ၀င် ဦးသောကြာကပြောကြား သည်။
‘‘တရုတ်က ဈေးကောင်းပေး ၀ယ်နေတော့ ဆန်ဈေးကျတယ် လို့မရှိဘူး’’ဟု ၎င်းကပြောကြားသည်။
ယခုနှစ်မိုးစပါးပေါ်ချိန်တွင် စပါးဈေးမှာ တင်းတစ်ရာလျှင်ကျပ် လေးသိန်းအောက်မကျခဲ့ သဖြင့် ကုန်သည်များ ၀ယ်ယူသိုလှောင်မှုနည်းပြီး လက်ရှိတွင်လက်ကျန်စပါး နည်းနေသည်။ ယင်းကြောင့် မူဆယ်သို့ ဆန်အ၀င် မှာ ယခုရက်ပိုင်း တွင် တန် ချိန် အနည်းငယ်လျော့လာသည်။ ယနေ့ မူဆယ်သို့ ဆန်အ၀င်မှာ တန်ချိန် ၃,၀၀၀ ခန့်သာရှိကြောင်းသိရသည်။
လက်ရှိပြည်တွင်းဈေးကွက် တွင် ဆန်ဈေးမှာ အနိမ့်ဆုံးအမျိုး အစားဖြစ်သည့် ၂၅ မှတ်(အကျိုးအကြေ ၂၅ ရာခိုင်နှုန်း)တစ်အိတ်လျှင် ကျပ် ၁၄,၀၀၀ ကျော်ရှိပြီး ထမင်း၊ အသားကောင်းသော ဆန်မျိုးကို လက်လီဈေး ကွက်တွင် တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
ပြည်သိမ်း - 7day
Sign up here with your email
ConversionConversion EmoticonEmoticon