ရန်ကုန်မြို့တွင်းရှိ လမ်းဘေးဆိုင်များတွင် ရောင်းချနေသည့်အစားအစာတွေကို ကျန်းမာရေးနှင့် ညီညွတ် ရန်အတွက် လိုအပ်သည့် နည်းပညာနှင့်အသိပညာပေးရေးလုပ်ငန်းများကို ထိုင်းအခြေစိုက် Unilever food solution ကုမ္ပဏီနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး လုပ်ဆောင်မည်ဟု သိရပါသည်။
လက်ရှိအချိန်တွင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗဟန်းမြို့နယ်တွင်ရှိ သည့် လမ်းဘေးဆိုင်များကို အဓိကထားဆောင်ရွက်နေခြင်းဖြစ်ပြီး စမ်းသပ်လုပ်ဆောင်နေသည့် ကာလ တွင် တစ်မြို့နယ်ကို (၂)ဆိုင်နှုန်းအနေနှင့် လုပ်ဆောင်လျက်ရှိပါသည်။
ရောင်းချသူများ၏ကျန်းမာရေးကိုလည်း လွန်ခဲ့သည့် (၃)လက စစ်ဆေးပြီးဖြစ်သည်ဟု သိရပါသည်။ လမ်းဘေးဆိုင်များတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအသောက်များဖြစ်ရန်ဆိုခြင်းသည် တစ်ခါတည်းနှင့်ပြီးမသွားပါဘဲ အမြဲတမ်းသန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို ရောင်းချရမယ်ဆိုခြင်းကို ရောင်းချသူများစိတ်တွင် အသိရှိသွားရန်လိုပါသည်။ ကျွန်တော်တို့အနေနှင့်လည်း ထိုဆိုင်များကို အသိအမှတ်ပြုလက်မှတ်ပေးသွားမည်ဖြစ်ပါသည်။
စားသုံးသူများအနေနှင့်လည်း ပူးပေါင်းပါဝင်ရန် လိုပါသည်ဟု စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောပါသည်။ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်လမ်းဘေးဆိုင် ငယ်များ စုစည်းရောင်းချနိုင်မည့် ညဈေး တစ်ခုကို အကောင်အထည်ဖော်ရန် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟုလည်း သိရပါသည်။ ၄င်းညဈေးအကောင်အထည်ပေါ်ပါက အခြေခံ လူတန်းစားများအနေနှင့် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအသောက်များကို ဈေးနှုန်းသက်သာစွာနှင့် စားသုံးနိုင်မည် ဖြစ်ပါသည်။
MRTV
MRTV
Sign up here with your email
ConversionConversion EmoticonEmoticon