တူရကီလေကြောင်းလိုင်းက လေယာဉ်တစီး နီပေါနိုင်ငံ ထရီဘူဗန် နိုင်ငံတကာလေဆိပ်မှာ မတ် ၄ ရက်နေ့က ဆင်းသက်နေတုန်း ပြေးလမ်းချော်အပြီး လယ်ကွင်းထဲကို အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
သိပ်သည်းတဲ့ မြူတွေအောက်မှာ ခရီးသည်တွေက လေယာဉ်ထဲက ထွက်လာပြီး လေယာဉ်နဲ့ ဝေးရာကို သွားနေပုံ ဓာတ်ပုံတွေကို တွေ့ရပါတယ်။
လေယာဉ်ပေါ်ပါသူ ခရီးသည် ၂၂၇ ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၁ ယောက်တို့ ဘေးကင်းတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
လူ ၂ ယောက် အသေးစား ဒဏ်ရာရတဲ့အတွက် ကုသပေးရတယ်လို့ ဒေသခံ ရုပ်သံ Avenues Television က အစီရင်ခံပါတယ်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကနေ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ကို ပျံသန်းလာတဲ့ အဲယားဘတ်စ် အေ ၃၃၀ (The Airbus A330) လေယာဉ်ဟာ မတ် ၄ ရက်နေ့ မနက် ဒေသစံတော်ချိန် ၈ နာရီလောက်က ဆင်း သက်ခဲ့တာလို့ ဒေသခံမီဒီယာက လေကြောင်းထိန်းချုပ်သူတွေကို ကိုးကား ဖော်ပြပါတယ်။
နီပေါနိုင်ငံအတွင်း ဒီသီတင်းပတ်ထဲမှာ မိုးသည်းထန်စွာ ရွာနေခဲ့ပြီး လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နေတဲ့ မနက်ခင်းဓာတ်ပုံတွေထဲမှာ လေယာဉ်ပတ်လည်မှာ မြူတွေကို မြင်နေရပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon