ကမ္ဘာလှည့် ခရီးသည်တွေ အထူးပြုလေ့လာတဲ့ အထဲမှာ တစ်ခုပါဝင်တဲ့ ဓမ္မရံကြီးဘုရား



ပုဂံကို အလည်အပတ် သွားတဲ့အခါ ဓမ္မရံကြီး ဘုရားကိုတော့ သွားရောက် ဖူးမြော်ဖို့ မမေ့ပါနဲ့။ ဓမ္မရံကြီး ဘုရားဟာ ပုဂံမှ ထုထည် အကြီးမားဆုံးသောစေတီတော် တစ်ဆူဖြစ်တဲ့ အပြင် ရှေးကျသော ဗိသုကာ လက်ရာများကလည်း အံ့မခန်း ဖြစ်ပါတယ်။

ဒါ့အပြင် နံရံတစ်ခုချင်း စီမှာလည်း အလွန်စိတ်ဝင်စားဖွယ် ဖြစ်အောင် ထုဆစ်ပုံဖော် ထားပါတယ်။ ဘုရား ကြီး၏ အတွင်းဘက် မှာလည်း ဗုဒ္ဓ ရုပ်ပွားတော်များ ထားရှိပြီး လျှပ်စစ်မီးမလို သဘာဝ အလင်းရောင်
ရရှိပါတယ်။ ဒါ့အပြင် အတွင်းထဲကို ဝင်သွားလို့ အသက်ရှု ကျပ်ခြင်းချွေးထွက်ခြင်း လုံးဝမရှိအောင် ရှေးခေတ် ဟန်ပန် များဖြင့် ဆောက်လုပ်ထားတာဟာ အတုယူဖွယ် ကောင်းမွန်လှပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း အုတ်နံရံတွေဟာ ခိုင်မာပါတယ်။ ယခုအချိန်ထိလည်း အတော်ပင် ခိုင်ခံ့လျက် ရှိနေပါသေးတယ်။ ဒီလို အချက်များကြောင့် ဓမ္မရံကြီး ဘုရားကို သွားရောက် ဖူးမြော်ပါလို့
တိုက်တွန်း ရေးသားလိုက် ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.