၂၀၁၂ ခုနှစ်မှာ Valentin Gruener ဟာ ခြသေ့င်္ငယ်တစ်ကောင်ကို ကယ်တင်ခဲ့ပြီး Botswana မှာရှိတဲ့ သူ့ရဲ့ကိုယ်ပိုင်တိရစ္ဆာန် ဘေးမဲ့တောလေးမှာ မွေးမြူခဲ့ပါတယ်။ ဒါဟာ ဆန်းပြားထွေလာတဲ့ ထိတွေ့ဆက် ဆံမှုရဲ့ အစပေါ့။ အခုတော့ သူတို့ တွေ့တိုင်း တွေ့တိုင်း ရင်သက်ရှုမောဖွယ် ကောင်းတဲ့မြင်ကွင်း ထပ်တ လဲလဲ ဖြစ်နေပါတယ်။ ခြသေ့င်္ငယ်လေးက Gruener ပေါ် ခုန်တက်လိုက် နွေးထွေးပြီး ဂရုဏာသက်တဲ့ ပွေ့ဖက်မှုတွေနဲ့ သူ့ကို ပွေ့ဖက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ (၃) နှစ် ခြင်သေ့င်္လေးရောက်တဲ့ချိန်ကတည်းက ကျွှန်တော် ဒီစခန်းမှ အမှန်တကယ် မထွက် ခွာခဲ့ဖူးလို့ Gruener က ပြောပါတယ်။ တစ်ခါတစ်ရံ စီးပွားရေး ကိစ္စအတွက် ကျွှန်တော် မြို့ကို တစ်ည အိပ်ခရီး သွားရပါတယ်။ ဒါပေမဲ့ အဲဒီလို အချိန်မှလွဲလို့ ကျွှန်တော် ခြင်သေ့င်္နှင့်အတူ ဒီနေရာမှာ ရှိနေပါတယ်။ သူ့အသက်လောက် ချစ်ရတဲ့ခြင်္သေ့လေးကတော့ ခြင်သေ့င်္မငယ်လေး Sirga ဖြစ်ပြီး သူရဲ့ ကျွှဲနွားတွေကို ကိုက်ဖြတ် စားသောက်နေတဲ့ သားရဲတိရစ္ဆာန်တွေကို ပစ်ခတ်ပြီး ဘ၀ရှင်သန်နေထိုင်နေတဲ့ လယ်သမားတစ်ဦးရဲ့မွေးမြူရေးခြံမှ ကယ်တင်လာခဲ့ပါတယ်။ ခြသေ့င်္တွေဟာ လှောင်အိမ်ထဲက အခြား ခြင်္သေ့ငယ်နှစ်ကောင်သုံးကောင်ကို သတ်ဖြတ်ခဲ့ပါတယ်။ ပြီးတော့ မိခင်ကလည်း ကျန်ရှိနေသေးတဲ့ ခြသေ့င်္ငယ်လေးကို စွန့်ပစ်ထားခဲ့တယ်။ ခြင်င်္သေ့ငယ်လေး အရမ်းကို သေးငယ်ပြီး ၁၀ ရက်သားလောက်ပဲရှိဦးမယ်လို့ Gruener ပြောပါတယ်။
လယ်သမား Willy de Graaf က ဒီခြင်သေ့င်္မငယ်လေးကို မွေးမြူပေးပါဟု Gruener ကို ပြောခဲ့ပါတယ်။ ဒါကြောင့် ခြင်သေ့င်္ငယ်မလေးကို ဘေးမဲ့တောသို့ ယူလာပြီး သူမရဲ့မွေးစား မိခင်တစ်ယောက်လို သူမကို ကျွှေးမွေးပြုစု စောင့်ရှောက်နေပါတယ်။ သန်မာပြီး ချစ်စရာကောင်းတဲ့ ဒီတိရစ္ဆာန်လေးကို ခင်ဗျားပိုင်ဆိုင် သွားပြီလို့ သူပြောခဲ့ပါတယ်။ ပြီးတော့ သူမဟာ ဒီအရွယ်အစားထက် ၁၀ ဆ ထွားလာနိုင်ပြီး အဲဒါကို ခင်ဗျားပဲ ပြုစုရမှာလို့ပြောခဲ့ပါတယ်။ အခုတော့သူမအတော့်ကို ကြီးနေပါပြီ။ ပြီးတော့ လှောင်အိမ်ကို Gruener ဖွင့်လိုက်တာနဲ့ သူဆီကို ဒုန်းစိုင်းပြေးလာပြီး သူ့ရဲ့လည်ပင်းကို သူမရဲ့လက်ဖ၀ါးနဲ့ မြူးတူးပျော် ရွင်စွာ ခုန်ပေါက်ပွေ့ဖက်ပါတော့တယ်။
ဒီလိုမျိုး လှောင်အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ အမြဲဖြစ်နေကျပါ။ ဒီလိုမျိုးဖြစ်ချိန်ဟာ တကယ့်ကို ပျော်ရွင်စရာကောင်း တဲ့ အခိုက်အတန့်လေးဖြစ်ပါတယ်။ ကျွှန်တော်ဆီလာပြီး ခုန်ပေါက်ပွေ့ဖက်တာဟာ ဒီတိရိစ္ဆာန်အတွက် ချစ်စရာကောင်းတဲ့ အရာတစ်ခုပါလို့ Gruener က ပြောပြပါတယ်။ ဒါပေမဲ့ အဲဒါဟာ အဓိပ္ပါယ်ရှိတယ်လို့ ကျွှန်တော်ထင်တယ်။ လောလောဆယ်မှာ သူမမှာ လှောင်အိမ်ထဲမှာ အခြား အဖော်ခြသေ့င်္မရှိပါဘူး။
ကျွန်တော်လည်း သူမအတွက် သူမ မျိုးနွယ်လို့ပဲ ထင်မိပါတယ်။ ဒါကြောင့် ကျွန်တော်က သူမရဲ့တစ်ဦး တည်းသော မိတ်ဆွေတယောက်ဖြစ်တယ်။ ခြသေ့င်္တွေဟာ အပေါင်းအသင်းကို နှစ်သက်ကြ တယ်။ ဒါကြောင့်ကျွန်တော့်ကို မြင်တာနဲ့ သူမအရမ်းပျော်ရွင်တယ်။ Botswana ခြုံပုတ်တွေမှာ လှည့်လည်သွား လာရင်း သစ်ပင်အောက်မှာ လဲလျောင်းတာတွေ၊ ဆော့ကစားတာတွေနဲ့ အမဲလိုက်တာတွေစတဲ့ ခြသေ့င်္တွေ နှစ်သက်တဲ့အရာတွေကို လုပ်ပြီး သူငယ်ချင်းနှစ်ဦး အချိန်တွေ ကုန်လွန်စေခဲ့ပါတယ်။
ခြသေ့င်္တွေကို ကျွှန်တော်တို့ အမဲလိုက်ဖို့သင်ပေးရမယ် ဆိုတာကို ကျွန်တော်မယုံဘူး။ သူတို့မှာ အိမ်မွေးကြောင်တွေလို ပင်ကိုယ်ဗီဇစိတ်ရှိပါတယ်။ ခွေးတွေတောင်မှ ကြိုးစားပြီး အမဲလိုက်တတ်တယ်လေ။ ဘယ်ကြောင်မဆို ငှက် (သို့) ကြွက် ဖမ်းတတ်ပါတယ်။ ခြသေ့င်္တွေကတော့ ကြီးလာတဲ့အခါ သမင်တို့၊ ဒရယ်တို့ ဖမ်းနိုင်ပါတယ်လို့ Gruener ကပြောပြပါတယ်။ ကျွှန်တော်သူမကို တပတ်မှာ(၃) ရက်လောက် အမဲလိုက်ခွင့်ပေးပါတယ်။ သူမ ကျွန်တော်ကို လိုအပ်နေသမျှ ကာလပတ်လုံး၊ သူမရဲ့ဘ၀ကို ပိုမိုကောင်း မွန်လာဖို့အတွက် ကျွန်တော် ဦးစားပေး လုပ်သွားမှာပါ။ ကျွန်တော်စိုးရိမ်တာကတော့ သူမနှင့် ကျွန်တော် ကြား တခုခုဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်တယ်လို့ သူက ပြောသွားပါတယ်။
Hsan Winn - Trend Myanmar

Sign up here with your email
ConversionConversion EmoticonEmoticon