အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ၂ နှစ်အတွင်း ၈% တိုးတက်ဖို့ ရှိပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ တိုက်တွန်းထားပါတယ်။
၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာ့ စီးပွားရေးက ၈.၃ % တိုးတက်ဖို့ရှိပြီး ၂၀၁၆ ခုနှစ်အတွက်လည်း အလားတူ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ နှောင့်နှေးမသွားအောင် လုပ်ဆောင်ဖို့ မျှော်လင့်ပြီး ရွေးကောက်ပွဲက ငြိမ်းချမ်းစွာ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ မကျင်းပနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ၊ ဈေးကွက် မရေရာ မှုတွေ ဖြစ်ပြီး စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က Peter Brimble က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ မှတ်ပုံတင်မှုက ၁၀% တိုးတက်လာသလို တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုကလည်း ၆.၆ ဘီလီယံ တိုးတက်လာတာကြောင့် မြန်မာအပေါ် စီးပွားရေး သမားတွေ အယုံအကြည် ရှိနေတာကို ပြသရာ ရောက်တယ်လို့ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon