ပူတင်ဟာ IS အဖွဲ့လိုပဲ ဥရောပအတွက် အန္တရာယ်ရှိလို့ ဗြိတိန်ပြော


ရုရှားသမ္မတ ဘလာဒီမီယာ ပူတင်ဟာ IS အကြမ်းဖက် အဖွဲ့လိုပဲ ဥရောပ နိုင်ငံတွေအတွက် အန္တရာယ် များတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး Michael Fallon က ပြောသွားတာ ဖြစ်ပြီး အဲဒီပြောဆိုမှုကို ရုရှားက ပြင်းပြင်း ထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီပြောဆိုမှုတွေဟာ လုံးဝကို သီးခံနိုင်စရာ စကားတွေ မဟုတ်တဲ့အတွက် ရုရှားအနေနဲ့ တနည်းနည်းနဲ့ တုန့်ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဌာနက Alexander Luashevich က ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ရုရှားဟာ Estonia, Latvia နဲ့ Lithuania နဲ့ နေတိုး မဟာမိတ် အုပ်စုတွေ အတွက် တကယ့်ကို အန္တာရယ်ကြီးသူ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားဟာ ကမ္ဘာ့မြေပုံ အသစ်ကို ပြန်ပြင် ဆွဲလိုနေတဲ့ပုံတောင် ရောက်နေတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါ တယ်။

ABC Radio Australia

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.