ပြုတ်ပြီးသားကြက်ဥကို အစိမ်းပြန်ဖြစ်အောင် လုပ်နည်း သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ


California Irvine တက္ကသိုလ်နဲ့ Western Australia တက္ကသိုလ်တို့က ဓာတုဗေဒပညာရှင်တွေဟာ ဓာတု ပစ္စည်းတွေအသုံးပြုပြီး ပြုတ်ပြီးသားကြက်ဥကို အစိမ်းပြန်ဖြစ်စေမယ့်နည်းတစ်ခု အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ပါတယ်။

၎င်းသိပ္ပံပညာရှင်တွေက ကျင်ငယ်ရည်တွေမှာတွေ့ရတဲ့ ဓာတုဓာတ်တစ်မျိုး ယူရီးယားဓာတ် အသုံးပြုပြီး မူလအရည်ပုံစံပြန်ရလာအောင် လုပ်ခဲ့ကြပါတယ်။

ယူရီးယားဓာတ်ပစ္စည်းကို ပြောင်းလဲဖြစ်ပေါ်စေတဲ့ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။ ပျစ်ခဲနေတဲ့အပိုင်းကို အရည်ဖြစ်အောင်လုပ်ပြီး အသားဓာတ်ကို သီးခြားဖယ်ထုတ်ကာ ပကတိ အခဲဖြစ်နေ တဲ့ ကြက်ဥတစ်လုံးကို အရည်ပြန်ဖြစ်အောင် လုပ်ရတာဖြစ်ပါတယ်။

ဒီနည်းတွေ့ရှိခြင်းအားဖြင့် ကင်ဆာရောဂါ ကုသခြင်းအတွက် ပိုမို သက်လာစေနိုင်ပြီး ဒိန်ခဲ ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် အကုန်အကျ သက်သာစေနိုင်မှာဖြစ်တယ်လို့ ပါမောက္ခ Weiss က ရှင်းပြသွားပါတယ်။

Trend Myanmar

Previous
Next Post »
Powered by Blogger.