တားဆီးခံ ကျောင်းသား စစ်ကြောင်း ဆက်လက်ချီတက်ခွင့်ရ


မြင်းခြံနှင့် တောင်သာမြို့အကြား၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တားဆီးခြင်း ခံခဲ့ရသည့် သပိတ်မှောက်
ကျောင်းသား စစ်ကြောင်းသည် ညနေ ၅ နာရီခန့်တွင် ဆက်လက်ချီတက်ခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

“အခု ဂိတ်တွေ ဖွင့်ပေးလိုက်ပြီ၊ နန်းမြင့်တောင်ကြားကို ဖြတ်ခဲ့ပြီ၊ ကျောင်းသားခေါင်းဆောင် ၂ဦးကတော့
နေပြည်တော်မှာ သွားပြီး ဆွေးနွေးမယ်လို့ သိရတယ်၊ ဒီည စခန်းချမယ့်နေရာအထိ ပါချုပ်တွေက လိုက်ပို့ မယ်လို့တော့ ပြောတယ်”ဟု သပိတ်စစ်ကြောင်းနှင့်လိုက်ပါနေသူ နာရေးကူညီမှုအသင်းမှ ကိုခင်မောင်တင့် က ပြောသည်။

ကျောင်းသားများ ပိတ်ဆို့ခံထားရစဉ်အတွင်း ပြည်သူအများအပြားနှင့် လူမှုအဖွဲ့အစည်းများ လာရောက်ပူး
ပေါင်းဝန်းရံကြကြောင်းလည်း သိရှိရသည်။

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့ကလည်း သပိတ်စစ်ကြောင်းရှိရာသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Previous
Next Post »
Powered by Blogger.