နယူးယောက်မှ လော့စ်အိန်ဂျလိစ်သို့ နှစ်နာရီခွဲအတွင်း ပျံသန်းနိုင်သည့် Supersonic ဂျက်လေယာဉ်များ ထွက်ပေါ်လာဖွယ်ရှိ


လေကြောင်း ကုမ္ပဏီနှစ်ခုသည် လက်ရှိစီးပွားဖြစ် ပျံသန်းပြေးဆွဲနေသော လေယာဉ်များထက် အမြန်နှုန်း နှစ်ဆဖြင့် ပျံသန်းနိုင်သည့် supersonic ခရီးသည်တင် လေယာဉ်မျိုးဆက်သစ်ကို ဖန်တီးနေကြကြောင်း သိရသည်။

အဆိုပါ လေယာဉ်များသည် ကိုယ်ပိုင်လေယာဉ်နှင့် လုပ်ငန်းသုံး လေယာဉ်များအဖြစ် ကနဦး ပေါ်ထွက်လာ ဖွယ် ရှိသည်။ ၎င်းလေယာဉ်များသည် တန်ဖိုးကြီးကြီးပေး၍ မြန်ဆန်မှုကို တန်ဖိုးထားသော အလွန်ချမ်းသာ
ကြွယ်ဝသူများ စီးနင်းသော ဂျက်လေယာဉ်များဖြစ်ကြောင်း လေကြောင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားသော Metropolis Group ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် အင်ဒရူးဂိုးဘတ်က ပြောကြားခဲ့သည်။

နီဗားဒါပြည်နယ် ရီနိုမြို့အခြေစိုက် Aerion ကုမ္ပဏီသည် တစ်နာရီလျှင် မိုင် ၁,၂၀၀ ကျော်ပျံသန်းနိုင်ပြီး ခရီးသည် ၁၂ ဦး တင်ဆောင်နိုင်သော စီးပွားဖြစ် လေယာဉ်အတွက် ဒေါ်လာသန်း ၁၁၀ အကုန်အကျခံ၍ ဖန်တီးနေလျက်ရှိသည်။ ထိုလေယာဉ်သည် ဒေါ်လာ ၆၅ သန်းရှိသော Gulfstream G650 လေယာဉ်ထက် နှစ်ဆပိုမိုမြန်ဆန်ပြီး နယူးယောက်နှင့် လန်ဒန်အကြားရှိ ခရီးသွားလာမှုနှုန်း ခုနှစ်နာရီမှ လေးနာရီကျော် အထိ လျှော့ချပေးနိုင်သည်။ အဆိုပါ လေယာဉ်ကို ၂၀၂၂ ခုနှစ်တွင် အပြီးသတ်တည်ဆောက် ထုတ်လုပ် သွားရန် Aerion မှမျှော်လင့်နေသည်။

ဘော်စတွန်အခြေစိုက် Spike Aerospace ကုမ္ပဏီသည်လည်း တစ်နာရီလျှင် မိုင် ၁,၂၀၀ ကျော် ပျံသန်း
နိုင် သည့် လုပ်ငန်းသုံး ခရီးသည်တင်ယာဉ် ကဲ့သို့သော လေယာဉ်ကို ဖန်တီးနေလျက်ရှိသည်။

စိုးထက် | internetjournal
Previous
Next Post »
Powered by Blogger.