Dominican Republic က Mister Model International 2014အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် အုပ် သာကျော်က ယခုနာမည်စာလုံးပေါင်းကသာ သူ့နာမည် အမှန်ဟုဆို (Mister Myanmar 2014)


မော်ဒယ်လ်လောကထဲကို၂၀၁၃ခုနှစ်မှာစတင်ဝင်ရောက် ရောက်ရှိခဲ့ပြီးပြည်တွင်းရှိပြိုင်ပွဲနှစ်ပွဲ ကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ Tittle ဆုများရရှိထားသူတစ်ဦးဖြစ်ပါတယ်။ အခုဆိုရင် ပြည်ပနိုင်ငံဖြစ်တဲ့ Dominican Republic မှာMister Model ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတစ်ဦးလည်းဖြစ်ပါတယ်။ သူကတော့ အုပ်သာကျော်ပါ။ ဒါကြောင့်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ကြိုတင်ပြင်ဆင်လေ့လာထားတယ်ဆိုတဲ့ သူ့ရဲ့လေ့လာမှုနဲ့ စိတ်ခံစားချက် ကိုမေးဖြစ်ခဲ့တာကတော့

“ကျွန်တော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရမှာက Dominican Republic မှာပြိုင်ရမှာပါ။ အဲဒီ့ပြိုင်ပွဲလေးက
တောင်အမေရိကနဲ့ မြောက်အမေရိက ကြားမှာ ရှိတဲ့နိုင်ငံမှာပြိုင်ရမှာ ဆိုတော့ အမေရိကမှာရှိတဲ့သူတွေ ပဲလာပြိုင်မယ့်ပွဲလေးပါ။ အဲဒီ့ပြိုင်ပွဲ ကိုပြိုင်ရမယ် ဆိုတော့ အရမ်းစိတ်လှုပ်ရှားပါတယ်။ ဘာသာစကားက လည်း ကျွန်တော်လေးမျိုးလောက် တတ်ထားပါတယ်။

အခု ပြိုင်ပွဲကလည်း စပိန်လိုပြောပြီးပြိုင်ရမှာဖြစ်တော့ ကျွန်တော်က စပိန်စကားတတ်ထားတော့ အဆင်
ပြေပြီးသားပါ။ နောက်တစ်ခုအရင်ကတည်းက bodyနဲ့ ပတ်သက်ပြီး ကစားနေကျသူဆိုတော့ ကျွန်တော့်ရဲ့ bodyနဲ့ ပတ်သက်ပြီးတော့လည်း ယုံကြည်မှုရှိပါတယ်။ အစက စက်တင်ဘာမှာ လုပ်မှာပေါ့။ ဒါပေမယ့် ပြိုင် ပွဲက နောက်ဆုတ်သွားတယ်။ ဒီဇင်ဘာ၁ရက်နေ့ကနေ ၇ရက်နေ့ ဖြစ်သွားတယ်။

အဲဒီတော့ပျော်တယ်။ ပျော်ရတာက ကျွန်တော့် အတွက်ပိုပြီး ကြိုတင်ပြင် ဆင်ချိန် ရတာပေါ့။ ဆုရလို့ပဲဖြစ်
ဖြစ်၊ အောင်မြင်လို့ပဲဖြစ်ဖြစ် ကျွန်တော်က ပျော်ပျော်နေတတ်တယ်။ ခင်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ငါတော့ mister ဖြစ်သွားလို့၊ အောင်မြင်သွားလို့ဆိုပြီး ပြောင်းလဲသွားမယ့် သူမဟုတ်ပါဘူး။ ပြည်သူတွေနဲ့ ပရိသတ်တွေနဲ့ အမြဲထိတွေ့ ဆက်ဆံနေရတဲ့ လူတစ်ယောက်က ဘယ်တော့မှပရိသတ်အပေါ် မောက်
မောက်မာမာ ဆက်ဆံ လို့မရဘူး။ သစ္စာဖောက်လို့မရပါဘူး။ ကျွန်တော်ကတော့နောက်လည်း ပြောင်းလဲ သွားမယ့် သူတော့မဟုတ်ပါဘူး။”လို့ သူက ပြောပါတယ်။

သူ့ရဲ့ထူးခြားတဲ့ နာမည်ကြောင့် လူတွေက အုပ်သာကျော်ကို မှားပြီးစာလုံးပေါင်းကြတာနဲ့ ပတ်သက်ပြီး အမှားတွေ ဖြစ်နေတယ်လို့ ဆိုလာတဲ့သူက ပရဟိတအလုပ်နဲ့ ပတ်သက်ရင်လည်း “အရင်ကတည်းက PURE DONOR ဆိုပြီးသူငယ်ချင်းတွေနဲ့ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ နောက်တစ်ခုက ပရဟိတလုပ် တယ်ဆိုတာ တကယ် မရှိ ဆင်းရဲသားတွေ လှူဒါန်းချင်တာလေ။ ပရဟိတပွဲမှာမှ မဟုတ်ပဲ တကယ့်ဝေး လံတဲ့ နေရာတွေမှာလည်း သွားရောက်ပြီး လှူဒါန်းဖူးပါတယ်။

ပုံမှန်ကတော့ ကျွန်တော့်ရဲ့မွေးနေ့တိုင်း ရွာသာကြီးက စိတ်ရောဂါဝေဒနာရှင် ရှိတဲ့ဆေးရုံတွေ၊ မွေးရာပါ ကိုယ်အင်္ဂါချို့နေတဲ့ကလေးတွေဆီ သွားရောက် လှူဒါန်းဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာက အခုလို ပြိုင်ပွဲမျိုးဟာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးပြိုင်ခွင့်ရတဲ့ပွဲဖြစ်တယ်။ အဲဒီ့အတွက် ဂုဏ်ယူမိတယ်။ ရင်လည်း ခုန်တယ်။ ပျော်လည်း ပျော်တယ်။ အဓိက နိုင်ငံချင်း ယှဉ်ပြိုင်ရတဲ့ပွဲ ဖြစ်နေတော့ ကိုယ့်နိုင်ငံအတွက် ကိုယ်စားပြုပြိုင်ရတာ ဖြစ်လို့ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားမယ်။

အဲဒီ့အတွက် ပရိသတ်ကြီးက ကျွန်တော့်ကို အားပေးကြပါ။ vote လုပ်ပေးကြပါဦးခင်ဗျာ။ ကျွန်တော့်ကို အားပေးတဲ့အလျောက် ထိုက်တန်အောင်လို့ ကြိုးစားမှာပါ။ ကမ္ဘာက ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း သိအောင်ချပြခွင့်ရတာပေါ့။ ပြိုင်ပွဲမှာ National Cosume ဝတ်စုံ၊ Talent Show အနေနဲ့ ပုဂံအက၊ပြီးတော့
မြန်မာနိုင်ငံ ရဲ့ယဉ်ကျေးမှု၊ Feature တွေ၊ စိတ်ဓာတ်နှင့် ဘယ်လိုဖော်ရွှေတတ်တဲ့ နိုင်ငံပါဆိုတာကို သိအောင်ချပြသွားမယ်”တဲ့။

သရုပ်ဆောင်နေမင်းရဲ့တူဖြစ်တဲ့ အုပ်သာကျော်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး“ကျွန်တော့်ဦးလေး လိုပဲ ရုပ်ရှင်မင်းသားဖြစ်ချင်ပါတယ်။ မော်ဒယ်လ်လည်း ဆက်လုပ်သွားမှာပါ”လို့ ပြောသွားပါတယ်။

စန္ဒီ | Trend Myanmar

Previous
Next Post »
Powered by Blogger.