Cheek Stain (ပါးနီအရည်) ဆိုးနည်း pictorial

အခုဆောင်းတွင်းဝင်လာပြီ အသားတွေနည်းနည်းခြောက်လာပြီဆိုတော့ ကျွန်မပါးနီအမှုန့်တွေထက် ပါးနီ အရည်တွေ creamတွေကိုပိုသုံးဖြစ်နေပါတယ် ။ တစ်ကယ်တော့ Cheek and Lip Stain တွေဆိုတာမြန် မာမိန်းကလေးတွေနဲ့ မစိမ်းတဲ့မိတ်ကပ်ပစ္စ္စည်းဖြစ်ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲကမင်းသမီးလေးတွေ ပါးနီပါးပါးနှုတ်ခမ်းနီပါးပါးနဲ့လှနေတာ Cheek and Lip stain တွေသုံးလို့ပါ။ မိန်းကလေးအများစုက ဒီပစ္စ္စည်းလေးကိုသဘောကျပေမယ့် နှုတ်ခမ်းပေါ်ကိုလောက်ပဲသုံးကြပါတယ် ။

ပါးပေါ်ကိုသုံးဖို့ကျတော့တော်တော်များများ သဘောမကျကြပါဘူး ။ cheek and lip stain တွေက အရည် ဆိုတော့ခြောက်တာမြန်ပါတယ် ။ လိမ်းနေရင်းနဲ့ခြောက်သွားတတ်တော့ ပါးပေါ်မှာအကွက်လိုက်ကျန်နေ တတ်လို့ပါ။ ဒါပေမယ့်သုံးတတ်ရင်တစ်ကယ်လှတဲ့ပစ္စ္စည်းပါ။ အဲဒါကြောင့် ကျွန်မ cheek stain သုံးတဲ့  နည်းကိုပုံလေးနဲ့တကွရှင်းပြပါမယ်။

ပထမဆုံး ပါးအို့ကနေနားဘက်ကို အစက် ၄-၅စက်ချလိုက်ပါ ။ ပြီးရင်နားဘက်ကနေပါးအို့ထိရောက်အောင် လက်ချောင်းလေးနဲ့ဖြေးဖြေးချင်းဆွဲလူးပါ။ ပါးအို့ကနေနားဘက်ထိလက်နဲ့ပြန်ဆွဲလူးပါ။ပြီးရင်ပါးတစ်လျှောက် အပေါ်ဘက်ကိုပင့်လူးပေးပါ။ Cheek Stain ကအခြောက်မြန်တာမို့ ပါးတစ်ဖက်ပြီးမှတစ်ဖက်လိမ်းပါ။

အဆင့်တွေကတော့ဒါပါပဲ ။ ကျွန်မပုံထဲမှာသုံးထားတာ Benifit Cosmetics က Benitint Cheek and Lip Stain ပါ။

Phyodaybyday

Previous
Next Post »
Powered by Blogger.