ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာ ပြီးဆိုက်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်ကာ အထက်မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်
ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၃၀ရက်၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်
ရောက်ရှိကာ အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားမည်ဟု ၎င်းက ခန့်မှန်းထားသည်။ ၂၀၁၅ ဇန်န၀ါရီ ၁ရက် ညနေတွင်ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ်ဒေသအနီးမှ ကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။
သို့သော် အဆိုပါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တစ်နာရီလေတိုက် နှုန်း မိုင် ၄၀မှ ၅၀အထိ တိုက်ခတ်နိုင်သည်။ ထို့အပြင် ရခိုင်နှင့်ချင်း ပြည်နယ်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ရာခိုင်နှုန်းရှိကြောင်း ဒေါက်တာ ထွန်းလွင် ကသတိပေးထားသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon