တိုကျိုရောက်ရင် သွားသင့်သော နေရာ ၁၀ ခု


တိုကျိုမြို့ကိုရောက်ရင် ဘယ်နေရာလေးတွေကို သွားသင့်သလဲ။

၀၁. Sky Bus Tokyo

Sky Bus နဲ့ တိုကျိုမြို့ရဲ့အလှကို ခြေမညောင်းပဲ ခံစားလို့ရနိုင်ပါတယ်။


၀၂. Epson Shinagawa Aqua Stadium

တိုကျိုမြို့ထဲမှာပဲ သွားရလာရ အဆင်ပြေတဲ့နေရာမှာရှိတဲ့ ငါးပြတိုက်ကလေးပါ။ဟိုတယ်ထဲမှာ ငါးပြတိုက်ရှိ မယ်လို့ ဘယ်သူမှထင်မှာ မဟုတ်ပါ။


၀၃. Fuji TV

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး TV Channel ရဲ့ရုံးချုပ်ဖြစ်ပင်မဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်းအများကြီးရှိတာ
ကြောင့် သွားဖို့ကောင်းသောနေရာတခုပါ။ပတ်ဝန်းကျင်မှာ ဈေးဝယ်နိုင်တဲ့နေရာတွေလည်း အများကြီးရှိ တာကြောင့် ပျော်စရာကောင်းတဲ့နေရာတခုပါ။ကံကောင်းရင် ဂျပန်အနုပညာရှင်တွေနဲ့လည်း တွေ့နိုင် ပါတယ်။


၀၄. Tokyo Mid Town

TokyoMidTownမှာတော့ပစ္စည်းအစုံရှိတာကြောင့် ဈေးဝယ်ဖို့အဆင်ပြေပါလိမ့်မယ်။ဒါပင်မဲ့ ဈေးတော့ တော်
တော်ကြီးပါတယ်။


၀၅. Tokyo Hikarie

ဒီအဆောက်အအုံကတော့ ယခင်က ရုပ်ရှင်ရုံကြီးကို ဖျက်ပြီး အသစ်ပြန်ဆောက်ထားတဲ့ အဆောက်အ အုံဖြစ်ပြီး တိုကျိုမှာ နာမည်ကြီးနေတဲ့ အဆောက်အအုံအသစ်ပါ။

Brand ပစ္စည်းကအစ အိမ်သုံးပစ္စည်းအဆုံး အကုန်ရနိုင်တဲ့အပြင် ရထားဘူတာနဲ့လည်း နီးတဲ့အတွက် ဈေး ဝယ်ရတာ အဆင်ပြေပါလိမ့်မယ်။


၀၆. Ebisu Garden Place

ဒီနေရာမှာတော့ ဟိုတယ်တွေနဲ့ ဈေးဆိုင်တွေအားလုံးပါတဲ့ အဆောက်အအုံဖြစ်ပြီး အနောက်တိုင်းအစား အစာ ကောင်းကောင်းစားချင်ရင်တော့ နာမည်ကြီး ပြင်သစ်ဆိုင်လည်းရှိပါတယ်။


၀၇. Tokyo Sky Tree

တိုကျိုရဲ့ နာမည်ကြီးနေရာ တနေရာဖြစ်ပြီးတော့ ဂျပန်ရောက်ရင်တော့ မဖြစ်မနေသွားသင့်သော နေရာတ ခုပါ။ တိုကျိုမြို့ကို မိုးပေါ်ကနေကြည့်ရှု ခံစားနိုင်တဲ့ အကောင်းဆုံးနေရာပါ။


၀၈. Takeshita Road

တိုကျိုမှာရှိတဲ့လူငယ်တွေက အဓိကသွားတဲ့နေရာဖြစ်ပြီး လက်ရှိခေတ်စားနေတဲ့ပစ္စည်း၊ အဝတ်အစားမှန်သ မျှကို ဒီနေရာမှာ ဈေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။

လူအရမ်းများတဲ့အတွက် လူရှုပ်တာကို မကြိုက်တဲ့သူအတွက်တော့ မသွားသင့်ပါ။


၀၉. Shinjuku

ဒီနေရာလေးကတော့ ဈေးဝယ်လည်းအဆင်ပြေ အစားအသောက်လည်း အဆင်ပြေ သွားရေးလာရေး လည်း အဆင်ပြေတဲ့အတွက် သွားရတာ အလွယ်ကူဆုံနေရာဖြစ်ပါလိမ့်မယ်။


၁၀. Akihabara

ဒီနေရာကတော့ ကာတွန်းကြိုက်သူ၊ လျှပ်စစ်ပစ္စည်းကြိုက်သူများအတွက်ကတော့ နတ်ပြည်လို့ ခံစားရမဲ့နေ ရာလေးပါ။ နေ့စဉ်ဘဝမှာမတွေ့နိုင်တဲ့ကာတွန်းဇာတ်ကောင်တွေနဲ့ တွေ့နိုင်တဲ့နေရာလေးလည်းဖြစ် ပါတယ်။


တိုကျိုမှာ လည်ပတ်လို့ကောင်းတဲ့နေရာတွေ အများကြီးရှိပါသေးတယ်။ စိတ်ဝင်စားစရာ အကြောင်းတွေကို ထပ်ပြီးတင်ပြပါဦးမယ်။

Chelmo Team
Previous
Next Post »
Powered by Blogger.