‘‘ဂျေဆင်မရက်ဇ်နဲ့ သဘော တူညီမှုယူပြီးပြီ။ ဒီတစ်ခေါက်ကို အရင်ကျင်းပခဲ့တဲ့ ပွဲနဲ့မတူဘဲ ထူး ထူးခြားခြား
ဖြစ်အောင် စီစဉ်နေ တယ်။ ၅၀ ရာခိုင်နှုန်းက သေချာ နေပါပြီ။ ရှေ့လလောက်မှ ပရိသတ်တွေသိအောင်
ကြေညာပေး မှာပါ’’ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာက MTV Exit ၏ လူကုန်ကူးမှု ပပျောက်ရေးလှုပ်ရှားမှုအစီအစဉ် တစ်ရပ်အနေ
ဖြင့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဂျေဆင်မရက်ဇ်ပါဝင်ဖျော်ဖြေခဲ့သည့် အခမဲ့ဖျော်ဖြေပွဲမှာ အောင်မြင်မှုရ ရှိခဲ့ပြီး ယခုအကြိမ်မှာမူ Forever Group ၏ အစီအစဉ်ဖြင့် လာရောက်ဖျော်ဖြေမည့်ပွဲဖြစ်ပြီး အခမဲ့ကြေးငွေ
ဖြင့် ကြည့်ရှုရမည်ဖြစ်သည်။
ထို့အပြင် Forever Group က နှစ်သစ်ကူးချိန် ပျော်ပွဲရွှင်ပွဲအ နေဖြင့် ပြုလုပ်သည့် Count Down အစီအစဉ် ကို ယခုနှစ် ကျင်းပရန် မရှိကြောင်းသိရသည်။
‘‘ဒီနှစ်က အကယ်ဒမီပေးပွဲ က Myanmar Event Park မှာပဲ လုပ်မှာဆိုတော့ ရက်လည်းကပ် တယ်။ နှစ် ကူးရက်မှာ တခြားအ စီအစဉ်တွေလည်းရှိတော့ ဒီနှစ် တော့ Count Down ပွဲသက် သက်မလုပ်ဖြစ်တော့ ဘူး’’ဟု ကိုစိုးသူရကဆိုသည်။
ဖျော်ဖြေပွဲနှင့် ပတ်သက် သည့် အသေးစိတ် အချက်အ လက်များ၊လက်မှတ်ဈေးနှုန်းများ ကို ဇန်န၀ါရီအတွင်း ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြူဖွေးသန့် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon