ကျော် ကာလအ တွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီ လီယံ(သန်း ၁၀,၀၀၀) နီးပါးရှိ ပြီး ယခုနှစ်တွင်စံချိန် တင်မြင့် တက်ခဲ့ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်မှ သတင်းရရှိသည်။
‘‘၀င်လာတဲ့ ရင်းနှီးမြှုပ်နှံမှု တွေက ပြန်ထွက်သွားတာ မရှိ ဘူး’’ ဟု ကော်မရှင်အတွင်းရေးမှူးဦးအောင်နိုင်ဦး က ပြောသည်။
ဒီဇင်ဘာလဆန်းထိ စာရင်း များအရ ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င် ရောက်မှုသည် ငါးဘီလီယံနီးပါးထိရှိ
ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မတီမှ သိရသည်။
ယင်းအပြင် ပြည်တွင်း၌ ခွင့်ပြုထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ်ကာလအတွင်း တည်
ဆောက်အကောင်အထည်မဖော်ပါက ခွင့်ပြုလိုင်စင်ပြန်သိမ်းမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီး ဒေါက်တာကံဇော်က ပြော ကြားသည်။
နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာတင် သွင်းရာတွင် လုပ်ငန်းစတင်ချိန် မည်မျှကြာမည်။ လုပ်ငန်းပမာ ဏပေါ်မူတည်၍ မည်သည့်အ ချိန်တွင် လုပ်ငန်းပမာဏမည်မျှ ပြီးစီးရမည်စသော အာမခံချက် များပါဝင်ပြီး ယင်းအချက်များ ပျက်ကွက်ပါက လိုင်စင်သိမ်းမည်ဟု ပြောကြားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်မှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၅၀ ဘီလီ ယံ) ကျော်ရှိပြီး လုပ်သားအခြေ ပြု အထည်ချုပ်လုပ်ငန်းများ၊ ရေထွက်ကုန်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ အများဆုံး ၀င်ရောက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
ပြည်သိမ်း | 7day
Sign up here with your email
ConversionConversion EmoticonEmoticon