မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က နိုင်ငံတွင်း တရားမ၀င်နေထိုင် သူတွေ၊ ဗီဇာရက်ကျော် နေထိုင်သူတွေကြောင့် မလေးရှားနိုင်ငံရဲ့ ပြစ်မှု မှုခင်းတွေ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အ တွက် အထောက်ထားမဲ့သူတွေအားလုံး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေး ဖို့ အမိန့်ထုတ်ထားတာပါ။
ဒါကြောင့် အထောက်အထားမဲ့ တရားမ၀င်အလုပ်သမားတွေ တရားဝင်ပြန်ဖြစ်ရေး လုပ်ဆောင် ပေးနေ တာဖြစ်တယ်လို့ ဦးမင်းမင်းဝင်းက ပြောပါတယ်။
“အထောက်အထားမရှိဘူး။ ပတ်စပို့မရှိဘူး။ work permit အလုပ်လုပ်ခွင့် မရှိဘူးဆိုရင် နိုင်ငံသားစိစစ်ရေး ကတ်နဲ့ အိမ်ထောင်စုဇယားယူလာပြီး ကျနော်တို့ဆီမှာ စာအုပ်လာလျှောက်လို့ ရပါတယ်။ ကျနော်တို့က စာအုပ် ထုတ်ပေမယ် မလေးရှားအစိုးရဖက်က work permit လုပ်ပေးမယ် ဆိုပြီး အစိုးရချင်း G to G MOU လက်မှတ်ထိုးပြီး လုပ်နေတာပါ။”
မလေးရှားမှာ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ မိမိနိုင်ငံကို ပြန်မယ်ဆိုရင် ပစ်ဒဏ်ပေးမှာမ ဟုတ်ဘဲ ဒီဇင်ဘာ ၃၁ရက် မတိုင်မီအထိ လဝကမှာ Special Pass လျှောက်ထားပြီး သက်ဆိုင်ရာ မိခင်နိုင် ငံများသို့ တရားဝင် ပြန်လည်ထွက်ခွာနိုင်တယ်လို့ မလေးအစိုးရ တာဝန်ရှိသူတဦးက နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောကြားထားတာပါ။
မလေးရှားမှာ ၉ နှစ်လောက် တရားမ၀င်နေထိုင်လာခဲ့တဲ့ ဦးသန်းဇော်ကတော့ လာမယ့်အပတ်မှာ မြန် မာနိုင်ငံကို အပြီးပြန်နေတော့မယ်လို့ ပြောပါတယ်။
“တရားမ၀င်တဲ့နေတာ သွားရလာရတာ မလုံခြုံဘူးပေါ့။ ညအိပ်လည်း ကောင်းကောင်း မအိပ်ရဘူး။ ရဲတွေ ရောက်လာမလား လန့်နေရတယ်။ ဘယ်သွားသွား အေးဆေးသွားလို့မရဘူး။ အသက်ကလည်း ကြီးလာပြီးတော့ ဟိုမှာပဲ အပြီးပြန်နေတော့မယ်။”
မလေးရှားနိုင်ငံမှာ တရားမ၀င်မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိနေတယ်လို့ အလုပ်သမား အရေးလှုပ် ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။
နော်နိုရင်း | DVB
Sign up here with your email
ConversionConversion EmoticonEmoticon