မြန်မာ့ဗီဒီယိုနှင့်ရုပ်ရှင်ဇာတ်ကားများအား ဒီဇင်ဘာ၁ရက်မှ စ၍ ဆင်ဆာပြန်လည်ကြည့်ရှုစစ်ဆေးမည်


မြန်မာ ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ကားများအား ဇာတ်ကားအဆင့်အတန်းသတ်မှတ် ရေးစိစစ်အကဲဖြတ်အဖွဲ့မှ ယနေ့ (ဒီဇင်ဘာ၁ရက်)မှ စ၍ဆင်ဆာပြန် လည်ကြည့်ရှုစစ်ဆေးတော့မည်ဖြစ် ကြောင်း သိရသည်။

ဆင်ဆာပြန်လည်ကြည့်ရှုစစ်ဆေး ရာတွင် ဆင်ဆာတင်ပြလာသည့် မြန်မာဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားများ အားပြသရန် မသင့်လျော်သည့် ဇာတ် ဝင်ခန်းများပါလာခဲ့ပါက ဖန်တီးသူ များအားခေါ်ယူသတိပေးခြင်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိ ရသည်။

''ဆင်ဆာမကြည့်တော့တာ တော်တော်လေးကိုကြာနေပါပြီ။ အဲဒီ ကတည်းက အနုပညာလောကသား တွေ ရဲ့တောင်းဆိုချက်အတိုင်း ကျွန် တော်တို့ဘက်က လွတ်လပ်ခွင့်ပေးခဲ့ ပါတယ်။ ဒါပေမဲ့လဲ အခုချိန်မှာ အ များပြည်သူရဲ့ဝေဖန်မှုတွေကြောင့် ကျွန်တော်တို့တွေက မြန်မာဗီဒီယို ဇာတ်ကားတွေကို ဆင်ဆာပြန်ကြည့် ရတာပါ''ဟု ပြန်ကြားဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသိန်းထွန်းအောင် က ပြောသည်။

အဆိုပါမြန်မာဗီဒီယို၊ ရုပ်ရှင် ဇာတ်ကားများအား ဆင်ဆာအဖွဲ့ ပြန်လည်ထိန်းသိမ်းရခြင်းမှာ မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့အညီအရည် အသွေးပြည့်မီသော ဇာတ်ကားများ ဖန်တီးရိုက်ကူးတင်ပြနိုင်ရေး ထိန်း သိမ်းဆောင်ရွက်ရန်ဟူသောရည်ရွယ် ချက်များဖြင့် ဆင်ဆာပြန်လည်ကြည့် ရှုရခြင်းဖြစ်ကြောင်း သိရသည်။

ဇာတ်ကားအဆင့်အတန်းသတ် မှတ်ရေး စိစစ်အကဲဖြတ်အဖွဲ့မှရုပ်ရှင် ဗီဒီယိုဇာတ်ကားများအား စိစစ်အကဲ
ဖြတ်ရာတွင် ''စစ်ဆေးတွေ့ရှိချက်''အဖြစ်လည်းကောင်း''အကြံပြုချက်'' အနေဖြင့်လည်းကောင်း၊ ဆင်ဆာ ခွင့် ပြုပေးခဲ့သော်လည်း ဖြန့်ချိရာတွင် ဆင်ဆာအဖွဲ့၏ အကြံပြုချက်အား လေးစားမှုမရှိသဖြင့် အများပြည် သူ ၏ဝေဖန်ချက်များ ထွက်ပေါ်လာခြင်း ကြောင့် ယခုကဲ့သို့ ဆင်ဆာပြန်လည် ကြည့်ရှုရခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဆာပြန်လည်ကြည့်ရှုရာတွင် ယခင်လျှော့ပေါ့ပေးထားသည့် ဆင် ဆာမူလေးချက်အားပြန်လည်ထည့် သွင်းစစ်ဆေးတော့မည်မဟုတ်ဘဲ လက် ရှိကျင့်သုံးလျက်ရှိနေသည့် ဆင်ဆာ ခြောက်ချက်ပေါ်တွင်သာ ဆင်ဆာ ပြန်လည်တင်းကျပ်မည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားဝန်ကြီးဌာန၊ မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးဦးသိန်းထွန်းအောင်က ''ဆင် ဆာပြန်တင်းကျပ်မယ်ဆိုတာ က အရင်တုန်းက ကျွန်တော်တို့တွေ ဘက်ကနေပြီးတော့ အနုပညာရှင်တွေ
တောင်းဆိုထားလို့ လျှော့ပေါ့ ပေးထားတဲ့အချက်တွေကို ပြန်ထည့် သွင်းမှာမဟုတ်ပါဘူး။ အခုလက်ရှိ ကျင့်သုံးနေတဲ့ အချက်ခြောက်ချက် ပေါ်မူတည်ပြီးတော့ပဲ ကျွန်တော်တို့ က တင်းကျပ်သွားမှာပါ''ဟုပြော သည်။

ရုပ်ရှင်ဗီဒီယိုဇာတ်ကားများအား ဇာတ်ကားအဆင့်အတန်းသတ်မှတ် ရေး စိစစ်အကဲဖြတ်အဖွဲ့သို့ စစ်ဆေး မှုခံယူရန်တင်ပြလာသည့် ရုပ်ရှင် ဇာတ်ကားများအား ရုပ်ရှင်နည်း ဥပဒေ-၂၃၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာ၂၉ တို့တွင် ပြဋ္ဌာန်းချက်များအတိုင်း အများပြည်သူထံသို့ ပြသရာတွင် သင့်မသင့်နှင့် စည်းကမ်းချက် ၁ဝ ချက်ပေါ်မူတည်၍ ဆင်ဆာကြည့် ရှုပေးခဲ့သော်လည်း အနုပညာရှင်များ ၏တောင်းဆိုချက်အရ မူလေးချက် အား လျှော့ပေါ့ပေးခဲ့ပြီး နောက်ပိုင်း တွင် ရုပ်ရှင်ဗီဒီယိုဇာတ်ကားများအား လွတ်လပ်စွာ ဖန်တီးရိုက်ကူး လျက်ရှိ လာသည်။

''ဆင်ဆာပြန်ကြည့်တော့မယ် ဆိုတာမျိုးဖြစ်လာတာကိုတော့ လုံးဝ မကြိုက်ဘူးပေါ့ဗျာ။ လုံးဝလဲသဘော မကျဘူး။ ဒါပေမဲ့လဲ ဒီလိုမျိုးဖြစ်လာ အောင်လဲ ကိုယ့်လောကသားတွေ ကပဲ လုပ်ခဲ့ကြတာလေ။ ဒီလောက ထဲ မှာရှိသမျှသူတွေအားလုံးညီမှပဲ၊ လို ချင်တာတစ်ခုကို ရမှာလေ။ အားလုံး တစ်ယောက် တစ်ပေါက်ဖြစ်
နေသရွေ့ မညီညွတ်သရွေ့ ကိုယ်လိုချင်တာကို ဘယ်တော့မှ ရမှာမဟုတ်ဘူး''ဟု အကယ်ဒမီပြေတီဦး က ပြောသည်။

မြန်မာ့ဗီဒီယိုဇာတ်ကားများအား ဆင်ဆာမကြည့်ရှုတော့သည့် နောက် ပိုင်းတွင် လွတ်လပ်စွာဖန်တီးရိုက် ကူးမှုရရှိပြီးနောက်ပိုင်း၌ တချို့သော ဇာတ်ကားများသည်

၁။ မောင်နှင့် နှမ၊ သားနဲ့အမိကြည့်ရှုရန်မသင့် သည့် ပြကွင်းပြကွက်များ၊ အပြောများ၊

၂။ လူငယ်များအတုယူမှားစေနိုင်သော ရုန့်ရင်းကြမ်းတမ်းစေသော ညစ်ညမ်း ပြကွက်များ၊

၃။ ဘာသာရေးအရ ရိုက်ကူးဖော်ပြရာ၌ သရုပ်လွန်အပြော အပြများကြောင့် မိမိ၏ဘာသာရေး ဂုဏ်အား မြှင့်တင်ပေးရာမရဘဲ တခြား ဘာသာဝင်များ အထင်အမြင်သေး စေသောပြကွက်များ၊

၎။ မြန်မာ ဝတ်စားဆင်ယင်မှုနှင့်မသင့်တော်သော သရုပ်ပျက်၊ သရုပ်လွန်ဝတ်စားဆင် ယင်ခြင်း၊

၅။ ဇာတ်လမ်းဇာတ်အိမ် မရှိဘဲ ဇာတ်ကားတစ်ကားဖြစ်ရေး အတွက်သာရည်ရွယ်ရိုက်ကူးခြင်း

အစ ရှိသည့် အချက်အလက်များကြောင့် ဗီဒီယိုဇာတ်ကားများအား ဆင်ဆာ အဖွဲ့မှ ပြန်လည်ကြည့်ရှုခြင်း
ဖြစ်ကြောင်း သိရသည်။

Democracytoday‬
Previous
Next Post »
Powered by Blogger.