အမေရိကန်ရဲ့အရောင်းရဆုံး အယ်လ်ဘမ် စာရင်းရဲ့ နံပါတ်တစ်နေရာမှ တေလာဆွစ်ဖ်ကို One Direction ဖယ်ရှား


One Direction အဖွဲ့ဟာ အမေရိကန်ရဲ့ အရောင်းရဆုံးအယ်လ်ဘမ်စာရင်းရဲ့ နံပါတ်တစ် နေရာမှ တေလာဆွစ်ဖ်ကို ဖယ်ရှားလိုက်နိုင်ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ အယ်လ်ဘမ် စတင်ထွက်ရှိချိန် က တေလာ ဆွစ်ဖ်ရဲ့ ၁၉၈၉ အယ်လ်ဘမ်လောက် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

Four ဟုသာ ရိုးရိုးရှင်းရှင်း အမည်ပေးထားတဲ့ One Direction ရဲ့ စတုတ္ထမြောက်အယ်လ် ဘမ်ဟာ အမေရိကန်မှာ တစ်ပတ်အတွင်းအချပ်ရေ ၃၈၇ဝဝဝရောင်းချနိုင်ခဲ့ပြီးတော့ Billboard Top 200 စာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ တေလာဆွစ်ဖ်ရဲ့ ၁၉၈၉ အယ်လ်ဘမ်နေရာကို ယူလိုက်နိုင်ခဲ့ပါတယ်။

သို့ရာတွင် တေလာဆွစ်ဖ်ရဲ့အယ်လ်ဘမ်ဟာ အောက်တိုဘာ ၂၇ရက်က စတင်ထွက်ခဲ့တဲ့ တေလာဆွစ်ဖ်ရဲ့ အယ်လ်ဘမ်ဟာ တစ်ပတ်အတွင်း ၁ဒသမ ၃သန်းနီးပါးရောင်းချ နိုင်ခဲ့ပါတယ်။ ဆွစ်ဖ်ရဲ့အယ်လ်ဘမ်ဟာ တစ်ပတ်အတွင်း အရောင်းရဆုံး အယ်လ်ဘမ်အဖြစ်စံချိန် တင်နိုင်ခဲ့ပါတယ်။

AFP
Previous
Next Post »
Powered by Blogger.