မြောက်ကိုရီးယား အစိုးရအတွင်း အရေးပါသော ရာထူးတစ်နေရာကို ရယူလိုက်ခြင်းဖြင့် သူမ၏ ဩဇာကြီး မားလာနိုင်ကြောင်း ခန့်မှန်းချက်များ မှန်ကန်ကြောင်း ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူက ပြသလိုက်သည်။
မြောက်ကိုရီးယား ခေါင်းဆောင်ကြီး၏ ညီမဖြစ်သူ အသက်(၂၇)နှစ်အရွယ် ကင်မ်ယိုဂျုံသည် အာဏာရ အလုပ်သမား ပါတီ၏ ထိပ်တန်းရာထူး တစ်ခုတွင် ခန့်အပ်ခံရကြောင်း သတင်းကို မြောက်ကိုရီးယား အစိုး ရမီဒီယာက နိုဝင်ဘာ (၂၇)ရက်တွင် အတည်ပြု ကြေညာခဲ့သည်။
ယိုဂျုံသည် အစ်ကိုဖြစ်သူ ကျန်းမာရေး ချို့တဲ့နေစဉ် အတောအတွင်း နိုင်ငံတော် အခမ်းအနား အချို့တွင် အစားထိုး တာဝန်ယူခဲ့သူ ဖြစ်သည်။ လိင်ခွဲခြား သတ်မှတ်မှု အမြင်ပြင်းထန်သော မြောက်ကိုရီးယားတွင် ယိုဂျုံ၏ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သော်လည်း ထက်မြက်ပြတ်သားဟန်ရှိသည့် အမျိုးသမီး သည် ယခုအခါ အဆိုပါ သံသယများကို ချေဖျက်ပြလိုက်ခြင်း ဖြစ်သည်။
သူမသည် ယခုအခါ မြောက်ကိုရီးယား အစိုးရ၏ ဝါဒဖြန့် သိမ်းသွင်းရေးဌာန လက်ထောက်ညွှန်ကြားရေး မှူးနှင့် တူညီသော အဆင့်အတန်းမျိုး ဖြစ်လာသည်။ အဆိုပါ ဌာနသည် မီဒီယာ၊ အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အယူဝါဒများနှင့် ပတ်သက်၍ ချုပ်ကိုင်ထားသော ဌာနဖြစ်သည်။
ပြီးခဲ့သည့် လပိုင်းက ခေါင်းဆောင်ကြီးကင်မ် အနေဖြင့် လူမြင်ကွင်းမှ ကာလအတန်ကြာ ပျောက်ကွယ်နေ စဉ် အတောအတွင်း ယိုဂျုံ၏ အခန်းကဏ္ဍအပေါ် လူအများက ပိုမို သတိပြုမိလာသည်။ ထိုအချိန်က ကင်မ် သည် ခြေကျင်းဝတ် ခွဲစိတ်မှု ခံယူနေရပြီး ယိုဂျုံက ခေါင်းဆောင်ကြီးအစား အခမ်းအနား အချို့တွင် ဦးဆောင်မှု တာဝန်ယူခဲ့သည်။
တောင်ကိုရီးယား အခြေစိုက် ဂျွန်အန်းအီလ်ဘို သတင်းစာက ထောက်လှမ်းရေးဌာန တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရ အဖွဲ့အတွင်းတွင် ယိုဂျုံ၏ လုပ်ပိုင်ခွင့် ကျယ်ပြန့်လာနေ
ကြောင်း ရေးသားခဲ့သည်။ “လမ်းကြောင်းအားလုံးက ယိုဂျုံရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာစေဖို့ ဦးတည်နေ ပါတယ်”ဟု အဆိုပါ ထောက်လှမ်းရေး အရာရှိက မှတ်ချက်ပြုခဲ့သည်။
ယိုဂျုံသည် စမတ်ကျကျ ဝတ်စားတတ်ပြီး ဆံပင်ကို နောက်ဘက်တွင် ပိုနီတေးလ်ပုံစံ စုချည်ထားပြီး အစ် ကိုဖြစ်သူနှင့်အတူ အရေးပါသော အခမ်းအနားများသို့ တက်ရောက်ခဲ့ဖူးသည်။ မြောက်ကိုရီးယားတွင် အမျိုး သမီးများကို စစ်သင်တန်း ပေးထားလေ့ ရှိသော်လည်း အစိုးရဘက်နှင့် စစ်ဘက်၌ ရာထူးမြင့်မားစွာ ခန့် အပ်မှုမျိုး အလွန်နည်းပါးကြောင်း သိရှိရသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon