ထိုကဲ့သို့ ဓာတ်ကင်ကုသပေး ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ ဓာတ်ကင်စက်တစ်လုံးပေးရန် တင်ပြထားပြီး ၎င်းစက်ကို ဒီဇင်ဘာ၌ ရန်ကုန်ဆေးရုံကြီးတွင် တပ်ဆင်သွားမည် ဖြစ်သည်။
‘‘နဂိုက တစ်လုံးရှိတယ်။ တစ်လုံးကို လူနာ ၈၀ လောက် ကင်လို့ရတယ်ဆိုတော့ အခု နှစ် လုံးဆိုရင် လူနာ ၁၆၀ လောက်ကို ဓာတ်ကင်ပေးနိုင်ပြီ။ အဲဒါဆိုရင် တစ်ပြည်လုံးမှာရှိတဲ့ ကင်ဆာလူ နာတွေကို ကင်လို့ရပြီ။ အခမဲ့ ဓာတ်ကင်းပေးမှာ ဖြစ်ပါတယ်’’ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ လှမြင့်က ပြောကြားသည်။
ယခုတပ်ဆင်မည့် ဓာတ်ကင် စက်အမျိုးအစားမှာ Radiation Oncology အမျိုးအစားဖြစ်ပြီး ကင်ဆာရော ဂါဖြစ်ပွားသည့် ကြွက်သားကို တိကျစွာဖြင့် ဓာတ် ကင်ပေးနိုင်ရုံသာမက ဘေးဘက် များ၌ ရှိသည့် ကင် ဆာဖြစ်ပွားနေ သော ကြွက်သားများကိုပါ ဓာတ် ကင်ပေးနိုင်သည်ဟု ဆိုသည်။
နိုင်ငံတော်အစိုးရက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆေးရုံ ကြီးတွင် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်း
နှင့် ကုသရေးဆိုင်ရာ စက်ပစ္စည်းများ ထပ်မံတပ်ဆင် နိုင်ရေး၊ ကင်ဆာရောဂါရှာဖွေရေး စက် (pet-CT) နှင့် ဓာတ်ရောင် ခြည်ကုသရေးစက် (Linear Accelerator) တို့ကို ၀ယ်ယူနိုင် ရန် ကျပ် ၁၄ ဒသမ ၅ ဘီလီယံချ ထားပေးခဲ့ကြောင်း သတင်းရရှိ သည်။
လက်ရှိတွင် မြန်မာတစ်နိုင်ငံ လုံး၌ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင်သာ ဓာတ်ကင် ကုသပေးနိုင်ပြီး စက်အရေအ တွက်မှာ နည်းပါးနေသေးသည်။ ထို့ကြောင့် နေပြည်တော်တွင် ဓာတ်ကင်စက် တပ်ဆင်နေပြီး ၂၀၁၅ ခုနှစ်အတွင်း တောင်ကြီး နှင့် မန္တလေးမြို့တို့၌လည်း ဓာတ်ကင်စက်များကို ထပ်မံတပ်ဆင်သွား မည်ဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာနမှ သတင်းရရှိသည်။
‘‘ကင်ဆာဖြစ်ပြီဆိုရင် ခဏ ခဏ ကင်ရပြီ။ တစ်ခါကင်ရင် လည်း တစ်သိန်းကျော်လောက် ကျတယ်။ ပြီးတော့ ဓာတ်ကင်လို့ ရှိရင်လည်း စက်က နည်းပြီး လူ နာကများတော့ တစ်ခါကင်မယ် ဆိုရင် အကြာ ကြီးစောင့်ရတယ်။ အခုလို စက်တွေ တိုးချဲ့တပ်ဆင် ပေးပြီး အခမဲ့ကင်ပေးတယ်ဆို တော့ စောင့်ရတဲ့ဒုက္ခ နဲ့ ငွေကုန် တာလည်း ကင်းဝေးသွားတာပေါ့’’ ဟု မော်လမြိုင်မြို့မှ အူမကြီးကင် ဆာဝေဒနာရှင်အသက် (၅၈)နှစ် အရွယ် ဒေါ်ညွန့်က ပြောသည်။
ယမင်း | 7day
Sign up here with your email
ConversionConversion EmoticonEmoticon