OPPO ဖုန်းကုမ္ပဏီက ၎င်းတို့၏ ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုးအစား OPPO R5 နှင့် နည်းပညာမြင့် ကင်မ ရာဖုန်းအမျိုးအစား OPPO N3 တို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်က စင်ကာပူနိုင်ငံတွင် မိတ် ဆက်ပြသခဲ့ပြီး အဆိုပါပွဲ၌ ဖုန်းများတွင် အသုံးပြုထားသော Hardware နည်းပညာပိုင်းနှင့် ဖုန်းတွင်းအသုံးပြု ထားသော နည်းပညာများကို ရှင်းလင်းတင်ပြခဲ့သည်။
R5 မှာ အထူ ၄.၈၅ မီလီမီတာ (၀.၄၈) စင်တီမီတာသာ ရှိသောကြောင့် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ သတ္တုကိုယ်ထည်ဖြင့်ပြုလုပ်ထားပြီး ဖုန်းပူလာခြင်း မရှိစေရန်အတွက် ဖန်တီပြုလုပ်ထား
ကြောင်းသိရသည်။
ထို့ပြင် N3 မှာလည်း ယခင်ထွက်ခဲ့သော N1 နှင့် N1 Mini တို့ကဲ့သို့ပင် ကင်မရာ တစ်ပတ်လှည့်နိုင်သော ဖုန်းအမျိုး အစားဖြစ်သော်လည်း ကင်မရာအား လက်ဖြင့် လှည့်ရန်မလိုအပ်တော့ဘဲ Screen ပေါ်မှပင် ထိန်း ချုပ်အသုံးပြုနိုင်ရန်ပြုလုပ်ထားသည်။ N3 ၏ ကင်မရာတွင် ကောင်းမွန်သော မှန်ဘီလူးများ အားအသုံးပြု ထားသည့်အပြင် DSLR ကင်မရာတစ်လုံးကဲ့သို့ စွမ်းဆောင်ရည်များအား မြင်တွေ့ခံစား အသုံးပြုနိုင်မည်ဖြစ် သည်။
OPPO N3 အား ကန်ဒေါ်လာ ၆၄၈ ဖြင့်လည်းကောင်း၊ R5 အား ကန်ဒေါ်လာ ၄၉၉ ဖြင့်လည်းကောင်း အသီး သီး ရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း OPPO မှ General Manager Sky Li က ပြပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ မိုဘိုင်းဖုန်း ထုတ်ကုန်သစ် နှစ်ခုအား ပြည်တွင်းဈေးကွက်သို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းခန့်တွင် စတင်ရောင်းချ ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထုတ်ကုန်သစ် မိတ်ဆက်ပွဲအခမ်းအနားကို OPPO မှ နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ဖိတ်ကြား ပြသခဲ့ခြင်းဖြစ်ပြီး ယင်းမိတ်ဆက်ပြသပွဲ အခမ်းအနားသို့ ပရိသတ်ပေါင်း ၁,၅၀၀ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြသည်။
Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon