GALAXY Note 4 အတွက် လက်တွေ့အသုံးချအစီအစဉ်ကျင်းပ ပြုလုပ်မည်


Samsung GALAXY Note 4 အသုံးချပုံကို ပိုမိုသိရှိလိုသူများအတွက် လက်တွေ့ရှင်းလင်းပြသပေးမည့် အစီ အစဉ်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် (တနင်္ဂနွေနေ့) ၊ Orchid Hotel တွင် ကျင်းပပြုလုပ်သွားမည်
ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့တွင်းနေထိုင်သူများ အတွက်သာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျန်မြို့များတွင် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Samsung ၏သတင်းထုတ်ပြန်ချက်များအ ရသိရ သည်။

လက်တွေ့ရှင်းလင်းပြသပေးမည့် အစီအစဉ်ကို မနက် ၁၁း၀၀ နာရီမှ ၁၂း၀၀ နာရီထိ တစ်ကြိမ်၊ နေ့လည် ၁း၀၀ နာရီ မှ ၂း၀၀ နာရီ ထိတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ချိန်လျှင် လူဦးရေ (၁၀၀) သာ ပါဝင်နိုင် မည်ဖြစ်သည်။ လက်တွေ့ရှင်းလင်းပြသပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို မိမိနှစ်သက်ရာအချိန်ကို ကြိုတင် စာရင်းပေးသွင်း၍သာ တက်ရောက်နိုင်မည်ဖြစ်ပြီး စာရင်းပေးသွင်းလိုသူများအနေဖြင့် အမည်၊ မှတ်ပုံတင် အမှတ်၊ ဖုန်းနံပါတ်တို့အား Samsung Customer Contact Center ဖုန်း - ၀၁ ၂၃၉၉ ၈၈၈ သို့ ဆက်သွယ် စာရင်း ပေးသွင်းနိုင်မည်ဖြစ်သည်။

Internet Journal
Previous
Next Post »
Powered by Blogger.