မြှီးကောင်ပေါက်အရွယ်သမီးဖြစ်သူရဲ့ နှလုံးသားရေးရာ စိတ်ကစားတာကို ရှက်နေတဲ့ဖခင်ရဲ့ အပြစ်ဒဏ်


ကိုယ့်ရဲ့ သားငယ်သမီးငယ်တွေ အရွယ်မရောက်ခင်၊ စိတ်နှလုံးမရင့်ကျက် ခင်အချိန်မှာ နှလုံးသားရေးရာ ကိစ္စတွေကို စိတ်ဝင်စားလာကြကာ အသိပညာ၊ အတတ်ပညာနဲ့ ဘ၀ရှင်သန်နေထိုင်ရေးပညာတွေကို မလေ့လာနိုင်ပဲ စိတ်ကစားနေကြမယ်ဆိုရင် မိဘတိုင်းက ဒေါသထွက်စိတ်ဆိုးမိကြမှာ အ မှန်ပါပဲ။

အမေရိကန်ပြည်ထောင်စု ကန်တက်ကီပြည်နယ်က ဖခင်တစ်ဦးဟာ သူ့ရဲ့ အရွယ်မရောက်သေးတဲ့ မြှီး
ကောင်ပေါက် သမီးငယ်ဖြစ်သူက နှလုံးသားရေး ရာ စိတ်ကစားနေတာကြောင့် အရမ်းကိုစိတ်ဆိုးဒေါသ ထွက်ပြီး ရှက်လည်း ရှက်နေပါတယ်။


အသက် ၁၀ နှစ်အရွယ်သာရှိတဲ့ သမီးငယ်က သူ့ထက် ငါးနှစ်ကျော်ကြီးတဲ့ ကောင်လေးတစ်ယောက်နဲ့ အင်တာနက်စာမျက်နှာမှာ တိုးတိုးတိတ်တိတ် တွေ့ဆုံခဲ့ကြပြီး ချစ်ရေးချစ်ရာကိစ္စတွေနဲ့အပြင်မှာ ဒိတ် လုပ်ဖို့အထိဖြစ်လာ ခဲ့တာကို ဖခင်ဖြစ်သူသိသွားတဲ့အတွက် သူမကိုဆူပူကြိမ်းမောင်းအပြစ်ပေးပါ တော့ တယ်။


အလယ်တန်းကျောင်း ပထမနှစ်ကျောင်းသူသမီးငယ်ကို ကျောင်းသွားချိန် တွေမှာ သူမရဲ့ကလေးသာသာ ရှိတဲ့ အသက်အမှန်ကိုရိုက်နှက်ထားတဲ့ တီရှပ်ကိုသာပေးဝတ်စေပြီး ကလေးအသုံးအဆောင် ကျောပိုးအိတ်၊ ဖိနပ်၊ မျက်နှာ၊ဆံပင်တွေမှာ ကလေးတစ်ယောက်လို အရုပ်ကလေးတွေနဲ့ စည်း ကျစ်ပေးထားပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်ကလူတွေက သူမကို ကလေးလေးတစ်ယောက်လိုမြင်ပြီး အကျင့် စာရိတ္တပျက်ပြားအောင် လုပ်ဆောင်တော့မှာ မဟုတ်တဲ့အတွက်ပဲဖြစ်ပါတယ်။

phothutaw
Previous
Next Post »
Powered by Blogger.