အင်္ဂလန် နိုင်ငံ၊ ဘရက်ဖို့ဒ်မြို့မှာ နေထိုင်တဲ့ မိသားစု တစ်စုဟာ မထင်မှတ်ဘဲ ဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင် တွေ့ ကြုံခဲ့ရ ပါတယ်။ အရင်က သာယာ ပျော်ရွှင်တဲ့ မိသားစု အဖြစ် သတ်မှတ်ခံထား ရပေမယ့် မိသားစုဝင်တွေ အားလုံး သေဆုံးဖို့ အကြောင်း ပေါ်လာခဲ့ ပါတယ်။
အိန်္ဒိယ နွယ်ဖွား အသက် (၄၉) နှစ်အရွယ်ရှိ ဂျင်တန်ဒရာလက်ဟာ ဇနီးဖြစ်သူ အသက် (၄၄) နှစ် အရွယ်ရှိ ဒက်ရှာ၊ အသက် (၁၉) နှစ်နဲ့ (၁၇) နှစ်အရွယ် သမီးတွေ ဖြစ်ကြတဲ့ ထရီရှာ၊ နီရှာတို့နဲ့အတူ ပျော်ရွှင်စွာ နေ ထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိရတဲ့ အခြေအနေ တစ်ခုကြောင့် ဂျင်တန်ဒရာလက်ဟာ မိန်း မနဲ့ သမီးနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ယခု ဖြစ်ရပ်ကို စုံစမ်းမှုတွေ ပြုလုပ်နေပြီး အလောင်းတွေကို တွေ့ရှိ ပြီးတဲ့
နောက် ဂျင်တန်ဒရာလက်ဟာ မိသားစု ၀င်တွေကို သတ်ဖြတ် ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခဲ့
ခြင်း ဖြစ်ကြောင်း ကောက်ချက်ချထား ပါတယ်။ ဂျင်တန်ဒရာ လက်တို့ အိမ်ဟာ ရက်ပေါင်း များစွာ လှုပ် ရှားမှု မရှိတာမို့ အိမ်နီးနားချင်း တွေက ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာမှ တစ်ဆင့် မိသားစုတွေ အားလုံး
သေဆုံးနေတာ မြင်တွေ့ ခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ မိသားစုဟာ လူလတ်တန်းစားတွေဖြစ်ပြီး
ခေတ်ပညာတတ် တွေလည်း ဖြစ်တာမို့ ဘာကြောင့် ဖြစ်သွားရ သလဲ ဆိုတာ နားမလည် နိုင်အောင် ဖြစ်
နေကြပြီး သူတို့ မိသားစုဟာ ယခင်က ဘာပြဿနာမှ မဖြစ်ခဲ့ဖူးကြောင်း သူငယ်ချင်း မိတ်ဆွေ တွေက ဖွင့်ဟခဲ့ကြ ပါတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon