မယ်ကမ္ဘာမြန်မာအလှ မယ်ပြိုင်ပွဲ ဆန်ခါတင်စာရင်းဝင် စူပါမော်ဒယ် ပက်ထရစ်ရှာသည် လေ့ကျင့်ရေးရက် များတွင် ပုံမှန်လာရောက်ခြင်းမရှိသောကြောင့် ပြိုင်ပွဲမှထုတ်ပယ်လိုက်ကြောင်း မယ်ကမ္ဘာမြန်မာ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန် ထားသည်။
‘‘Activities လုပ်တဲ့နေရာမှာ တော့ အမြဲတမ်းပါပါတယ်။ အဓိ ကကတော့ Training ရက်တွေ မှာ ပုံမှန်မ လာလို့ပါ။ ပထမတစ် ခေါက်ကလည်း အဲဒီလိုဖြစ်လို့ ကျွန်တော်တို့ဘက်က အချိန်ပေး ခဲ့ပါတယ်။ ဒုတိယအ ကြိမ်ကျ တော့ ကျွန်တော်တို့က သူတစ် ယောက်တည်းနဲ့လုပ်ရတာမဟုတ်ဘူး အများနဲ့လုပ်ရတာ’’ ဟု Forever BEC-Tero ကန်ထရီး မန်နေဂျာ ဦးစိုးသူရကပြောသည်။
သို့သော်လည်း ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့်အကြောင်း အရာနှင့်ပတ်သက်၍ ပက်ထရစ် ရှာက ၎င်း၏
ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ‘‘ပရိသတ်တွေအထင်လွဲ မှာစိုးလို့ ရှင်းပြပါရစေရှင်။ Patricia ဘက်က camp သွင်း ထားတဲ့နေ့ရက်တွေမှာ တစ်ရက် မှမပျက်ကွက်ခဲ့ပါရှင်။ ပရိသတ် တွေ Voting လုပ်ဖို့ Photo shoot ရိုက်ကူးတဲ့နေ့မှာတောင် အဖျား တွေအရမ်းတက်ပြီး ဘယ်လိုမှနေ လို့မရတော့တဲ့ အခြေအနေမှာ တောင် အားမွေးပြီးသေသေချာ ချာဓာတ်ပုံရော၊ ဗီဒီယိုပါရိုက်ကူး ပေးခဲ့ပါတယ်။ အခု Miss Myanmar World page ကတင် ထားတဲ့ status က Patricia ကို ပြိုင်ပွဲတစ်လျှောက်အားပေးနေ တဲ့ပရိသတ်တွေနဲ့ Patricia ကြား မှာ အထင်လွဲစေပါတယ်’’ဟုရေး သားကာ ပြန်လည်တုံ့ပြန်ထား သည်။ ထို့ပြင် လေ့ကျင့်ရေးပျက် သည့်နေ့ မှာလည်း Miss Myanmar World ပြိုင်ပွဲမှ ဒိုင်လူကြီး တစ်ဦးက ခွင့်ပေးသောကြောင့် ကြော်ငြာလက်ခံရိုက် ကူး ခဲ့ခြင်း ဖြစ်ပြီး ကြော်ငြာရိုက်ကူးနေသည့် အချိန်တွင် ယင်းအဖွဲ့အစည်း ဘက်မှ မလာသည့်အကြောင်း ရင်းကို ဖုန်းဆက်၍မေးမြန်းခဲ့ ကြောင်းရေးသားထားသည်။
‘‘Patricia မနေ့ကရိုက်ကူး နေတဲ့ကြော်ငြာမှာလည်း Professional တွေအားလုံးနဲ့အလုပ် လုပ်နေရတာပါ။ Patricia စိတ် တွေအရမ်းညစ်လာပြီး အာရုံ နောက်လို့ ဆက်မပြိုင်ဖြစ်တော့ ကြောင်း အသိပေးခဲ့တာပါ။ Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့စကားကို လုံးဝလက်မခံနိုင်ပါ’’ဟုရေးသား ထားသည်။
ယင်းပြိုင်ပွဲတွင် ပရိသတ် များ၏တိုက်တွန်းမှုကြောင့် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ဖြစ်ခဲ့ ရသောကြောင့် အားပေးနေသည့်ပရိသတ်များကို အားနာကြောင်း ၎င်းကရေးသား ထားသည်။
‘‘ဆယ့်ကိုးယောက်နဲ့ပဲ ပွဲကို ဆက်လုပ်သွားမှာပါ။ ၁၆ ရက်မှာ စင်ကာပူသွားမယ်။ ၁၉ ရက်မှာ ဖူးခက်ကို သွားမယ်။ အဲဒီမှာလည်း အလှအပနဲ့ပတ်သက်တာတွေကို ထရိန်နင်ပေးမယ်။ ပြန်လာရင် လည်း ဖိုင်နယ် အတွက် ထရိန်နင် ဆက်ပေးသွားမယ်’’ဟု Miss Myanmar World ၏အစီအစဉ် များကို ဦးစိုးသူရကပြော သည်။
ဇွဲဉာဏ် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon