အစ်မ မရှိစဉ် ခယ်အိုဖြစ်သူမှ ခယ်မအား သားမယားအဖြစ်ပြုကျင့်

၉၊ ၀၉၊၂၀၁၄နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၅၆ ကီလို ကွာဝေးသော နခေါပုထုန် မြို့နယ်အပိုင် ဆမ်ဖလန်း ရပ်ကွက်ရှိ ပလတ်စတစ်ရုံတွင် အလုပ် လုပ်နေသော အ လုပ်သမငယ်လေး တစ်ဦးအား ခယ်အိုဖြစ်သူမှ အလိုမတူ သားမယား အဖြစ်ပြုကျင့်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်။

အခင်းဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ်ရှိ မဇာသည် ပလစ်စတစ်စက်ရုံတွင် ညပိုင်းအလုပ် လုပ်ကိုင်သူ ဖြစ်
သောကြောင့် နေ့လည်တွင် အခန်းသို့ပြန်လည်အနားယူ ရာတွင် အခင်းဖြစ်ပွားသည့် နေ့လည် ၁နာရီအချိန်၌ ခယ် အိုဖြစ်သူ အလုပ်လုပ်နေသော သစ်စက်ရုံမှ အခန်းသို့ ပြန် လာခဲ့ပြီး အခန်း၌ အိပ်ပျော်နေသည့် ခယ်မ၏ ပါးစပ်ကိုအ ဝတ်ဖြင့် ပိတ်ကာ အဓမ္မပြုကျင့်ခဲ့ပါသည်။

ထို့နောက် မိန်းခလေးမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် မိမိအလုပ်လုပ်သည့် ပလက်စတစ်စက်ရုံသို့ပြန်ပြေးရာ လမ်းခုလတ်တွင် မြန်မာအလုပ်သမား တစ်ယောက်နှင့် တွေ့ ဆုံရာမှ ဖြစ်စဉ်ကို ပြောဆိုအကူညီတောင်းရာ အဆိုပါ အလုပ်သမားမှ MATအဖွဲ့သို့ ဆက်သွယ် အကြောင်းကြား အကူညီတောင်းခံလာ ခဲ့သည်။

ထို့နောက် MATမှ ဖြစ်စဉ်ဖြစ်ရပ် အချက်အလက်များကို စုစည်းပြီးနောက် ရဲစခန်းသို့ တင်ပြခဲ့ရာ ဆမ်ဖ လန်းရဲစခန်းမှ ကားနှစ်စီးဖြင့် အခင်ဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးရာ ခယ်မအားအလိုမတူသား မယားအဖြစ်ပြုကျင့်သည့် ခယ်အိုဖြစ်သူမှာ အိမ်ခန်းကို တံခါးသော့ပိတ်ပြီး ထွက်ပြေးသွားသည်ပာုသိရ သည်။

နယ်မြေရဲစခန်းမှ အလိုမတူမိန်းခလေးအား သားမယားအဖြစ် ပြုစဉ်အချိန်တွင် ဝတ်ဆင်ထားသော အဝတ် စားများကို စစ်ဆေးရန် အတွက်အပ်နှံထားပြီး မိန်းခလေး အား ဆန်ဖလန်းဆေးရုံတွင် စစ်ဆေးရန် MAT မှ ပို့ဆောင်ပေးခဲ့ပြီး MATမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ကာယကံရှင်၏ အမှုဖွင့် တိုင်ကြားချက်အရ ဆမ်ဖလန်းရဲစခန်းမှ တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ကို စောမောင် | ရွှေလုပ်သား
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.