အောက်မှ ကားလမ်းနှင့်ယှဉ်၍ ဆက်သွယ်ထားသော ဓာတ်ငွေ့ပိုက် မှ ဂက်စ်များပန်းထွက်မှု ဖြစ်ပွား
သောကြောင့် မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်ရှိ မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အနီး အနားရှိပြည်သူများနှင့် ဖြတ်သန်း သွားလာနေသောယာဉ်များ ထိခိုက် မှုမဖြစ်စေရန် မြန်ဆန်စွာဆောင် ရွက်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ ယနေ နံနက် ၁ဝ နာရီခွဲမှာ အဲဒီဂက်စ်ပိုက်က ဝုန်းကနဲ အသံကြားလိုက်တယ်''ဟု အနီးရှိ ရွာသားတစ်ဦးက ပြောကြားခဲ့ပြီး မှော်ဘီမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးက '' နံနက် ၁၁ နာရီခွဲ မှာ သတင်းရရချင်း ထွက်လာတာပါ။ ဆက်ပြီး သတင်းပို့လိုက်တဲ့အတွက် တာဝန်ရှိသူတွေ ဂက်စ်ပိုက်လိုင်းကို ပိတ်လိုက်ပါပြီ'' ဟု ပြောကြားသည်။
ဂက်စ်များပန်းထွက်၍ မီးခိုးလုံး ပမာအငွေ့များ လွင့်ပျံ့နေသောကြောင့် ယာဉ်ကြောကို ခေတ္တပိတ်ထားခဲ့ပြီး အနီးရှိဟန်နီကယ်ဘီယာစက်ရုံ တည် ဆောက်ရေးလုပ်သားများ လုပ်သား နားနေဆောင်မှ ကားလမ်းတစ် ဖက်သို့ ယာယီပြောင်းရွှေ့ရှောင်ရှားခဲ့ကြကာ မွန်းလွဲ ၁ နာရီခွဲအထိ ဂက်စ်များ ပန်းထွက်လျက်ရှိကြောင်း ၊ ဖြစ်စဉ် ကိုလည်း စုံစမ်းလျက်ရှိကြောင်း သိရ သည်။
သန်းထိုက်(လှိုင်သာယာ) | Myanmaalinn
Sign up here with your email
ConversionConversion EmoticonEmoticon