အသက် (၅၁) နှစ်ရှိပြီ ဖြစ်တဲ့ ကနေဒါ နိုင်ငံသား ကီဗင်ဖက်စ်ဟာ ထူးခြားတဲ့ စွမ်းဆောင်ရည် တွေကြောင့် ကမ္ဘာ့ အသန်မာဆုံး လူသားအဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ်။ ကီဗင်ဖက်စ်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဒွန်မောင်း လေဆိပ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့ ပါတယ်။ အဲဒါကတော့ ကမ္ဘာအကြီးဆုံး လေယာဉ်တွေ ထဲမှာ ပါဝင်တဲ့ Airbusအမျိုးအစား A 320-200 လေယာဉ်ကို ဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလေယာဉ် ဟာ ခရီးသည် (၁၈၀) ဦး စီးနင်းနိုင်ပြီး အလေးချိန် အားဖြင့် (၆၅) တန်ရှိပါတယ်။ ကီဗက် ဖက်စ်ဟာ ဒီလေယာဉ်ကြီးကို သူရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး (၅၃) စက္ကန့် အတွင်း မီတာ (၂၀) အထိ ရောက်အောင် ဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကီဗင်ဖက်စ်ဟာ အလေးချိန် (၁၈၈ ဒသမ ၈၃) တန်လေး တဲ့ CC-177 Globe master လေယာဉ်ကြီးကိုလည်း (၈ ဒသမ ၈ ) မီတာ အထိ ရောက်အောင် ဆွဲပြခဲ့ခြင်းကို ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့ဖူး ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ စွမ်းရည်ပြမှု ကတော့ အနည်းငယ် ထူခြားခဲ့ပါတယ်။ အဲဒါ ကတော့ အလေးချိန် (၅၇၂၄၃) ကီလိုရှိတဲ့ ကားကြီး ကို ပေ (၁၀၀) အထိ ရောက်အောင် ဆွဲပြနိုင်ခဲ့ ပါတယ်။ ဒီလို ထူးခြားတဲ့ စွမ်းရည်တွေရှိ ထားတဲ့ ကီဗင်ဖက်စ်ကို ကမ္ဘာ့ အသန်မာဆုံး လူသားအဖြစ် သတ်မှတ်ထားတာ ဆန်းတယ်လို့ မဆိုနိုင်တော့ပါဘူး။
Messenger
Sign up here with your email
ConversionConversion EmoticonEmoticon