အမေရိကန် ဓာတ်ပုံဆရာမ Diana Markosian သည် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်လည် ပတ် ခဲ့စဉ် အနုပညာရှင်များ၊ ရက်ပ်ပါ Rapper များ၊ အကပညာရှင်များနှင့် တခြားသော ဖန်တီးသူ အနုပ ညာရှင် များနှင့် သွားလာအချိန်ကုန်ဆုံးရင်း မြန်မာလူငယ်များကို စိတ်ဝင်စားခဲ့သည်။
“မျိုးဆက်သစ်က အမျိုးအစား ကွဲပြားခြားနားတဲ့ အနာဂတ်အတွက် စိတ်အားထက်သန်နေကြတယ်လို့ ကျမ ထင်တယ်။ သူတို့က အစိုးရ ကတိပြုထားတဲ့အတိုင်း ပွင့်လင်းတဲ့ ခေတ်သစ်ကာလတခုကို သွားစေ ချင်ကြ တယ်။ နိုင်ငံရေး အရိပ်တွေဆီကနေထွက်ဖို့ ရဲရင့်နေတဲ့ လူငယ်တွေ ပိုပိုပြီး များလာတာကို ရန်ကုန် မြို့ရဲ့ လမ်းတွေပေါ်မှာ ခံစားလို့ရနိုင်ပါတယ်” ဟု သူက အမေရိကန်အခြေစိုက် Slate မဂ္ဂဇင်းသို့ ပြောပြ သည်။
“အပြောင်းအလဲကြားမှာ မောင်းနှင်နေကြသူ အများစုက ကျမရဲ့ အသက်အရွယ်လောက်တွေပါပဲ။ သူတို့ က အသက် ၂၀ ကျော် အရွယ်တွေ၊ ပြီးတော့ လက်ရှိအခြေအနေကနေ ကျော်လွန်ပြီး သွားချင်နေ ကြ သူတွေ” ဟု သူကဆက်ပြောသည်။
စမ်းသပ်ချက် တခုအနေဖြင့် သူသဘောကျသော မြန်မာလူငယ်တို့၏ ဓာတ်ပုံများ ရိုက်ကူးရန် သူဆုံးဖြတ် လိုက် သည်။ ဓာတ်ပုံများကို ညအချိန်တွင် ရန်ကုန်မြို့၏ ဟောင်းနွမ်းပျက်စီးနေသော နံရံများရှေ့တွင် ရိုက် ကူးခဲ့ခြင်း ဖြစ်သည်။
“ကျမက တင်စားမှုတခုအနေနဲ့ လူငယ်တွေကို နံရံဟောင်းတွေနဲ့ယှဉ်ပြီး ပြချင်ခဲ့ပါတယ်။ အတိတ်ကနေ ဝေးကွာဖို့ မျိုးဆက်သစ်တွေက သူတို့ကိုယ်တိုင် ကြိုးစား နေကြတာဖြစ်ပါတယ်။ သူတို့ဟာ တက်ြွက သူတွေ ဖြစ်ပြီး သူတို့မှာ အင်အားကောင်းတဲ့ အသံတွေရှိတယ်။ ကျမက သူတို့ကို အတွင်းဘက်မှာ ဒါမှမဟုတ် နံရံ ၄ ဖက်ကြားမှာ မဟုတ်ဘဲ လွတ်လပ်တဲ့နေရာမှာ ရှိစေချင်ခဲ့ပါတယ်” ဟု Diana Markosian က ပြောသည်။
Diana Markosian ၏ ကင်မရာမှန်ဘီလူးက အနာဂတ်အမြင်သစ်တခုကို ရှာဖွေရန်နှင့် ပုံဖော်ရန် မျှော် လင့်နေကြသည့် မျိုးဆက်တခုကြားတွင် မနေမနား လှုပ်ရှားနေသည့် စွမ်းအင်တခုကို မီးမောင်း ထိုးပြခဲ့သည်။
—————————————————————————-ဖြူဖြူကျော်သိန်း၊ အသက်၃၂၊
အဆိုတော် (မြန်မာ Lady Gaga)
ဒါပေမယ့် ကျမက တောက်တောက်ပြောင်ပြောင်နဲ့ လှပတဲ့အဝတ်အစားတွေကို သဘောကျတယ်။ ကျမကို မကြာခဏ Lady Gaga နဲ့ နှိုင်းယှဉ်ပြီး ပြောကြတယ်။ ဒါပေမယ့် ကျမက တတိယကမ္ဘာက မိန်းကလေး တယောက်ပါပဲ”
—————————————————————————-
စတီဗင်ဦး၊ အသက်၂၈၊
(မိသားစုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ပြီးနောက် ပြန်လည်ရောက်ရှိလာသော ဖက်ရှင်ဒီဇိုင်နာ)
“ကျနော့်ရဲ့တိုင်းပြည်ကို
ဖက်ရှင်နဲ့ပတ်သက်ရင်
နောက်ကျန်မနေစေချင်ဘူး”
—————————————————————————-
ဂျက်စီကာဒါဒါ၊ အသက်၂၄၊
မော်ဒယ်လ်
“ဒီနိုင်ငံက ကျမရဲ့မျက်နှာအတွက် အဆင်သင့် မဖြစ်ဘူး။
ကျမကို ဘာကြောင့် ဒီမှာမွေးသလဲလို့ နေ့တိုင်း သိချင်မိတယ်”
—————————————————————————-
ထင်ထင်၊ အသက်၂၅၊
(Moda ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ)
“မြန်မာနိုင်ငံမှာ ဖက်ရှင်က အရမ်းကို အစဉ်အလာဆန်လွန်းပြီး ခေတ်မမီဘူး။
ကျမက ကျမတို့ နိုင်ငံသားတွေကို ပိုပြီး ခေတ်ပြိုင်ဖြစ်စေချင်တယ်။ ဒါကြောင့် မဂ္ဂဇင်းကို စလုပ်ခဲ့တာပါ”
—————————————————————————-
Ar-T, အသက် ၂၅၊
အီလက်ထရောနစ် အကပညာရှင်
သူတို့ကပြောတာ ကျနော့် ကပုံကနည်း တော်တော်ဆိုးတယ်တဲ့။
ဒါပေမယ့် အားလုံးပျော်ကြရတယ်”
ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon