ရခိုင်လိုသုပ်တော့မယ်ဆိုရင်တော့ ထုံးစံအတိုင်း ငရုတ်သီးနဲ့ ငပိမီးဖုတ်သုပ်မှာပါပဲ။
အရင်ဆုံး ကြက်ခြေထောက်ကို သေချာပြောင်အောင်ဆေးပြီး ခြေသည်းတွေကို လှီးဖြတ်ပေးပါ။
ပြီးရင်တော့ အဆစ်လေးတွေကို စဉ်းပေးပါ ......
အရိုးကိုနည်းနည်းထုပေးပါ ......
ဂျင်းထောင်း ၊ ငံပြာရည်အကြည်အနည်းငယ်ထည့်နယ်ပြီး ပြုတ်ပေးပါ .....
ကြက်ရိုးကိုပြုတ်နေချိန် ကြက်သွန်နီ ပါးပါးလှီးထားပေးပါ ......
ငရုတ်သီး ၊ ငပိနည်းနည်းကို မီးကင်ပြီး ကြက်သွန်ဖြူထည့်ထောင်းပေးပါ ......
ကြက်ရိုးနူးပြီဆိုရင် ဆယ်ယူပြီး အဆစ်နုလေးတွေနဲ့ အရေခွံကို ယူပြီး အရိုးရင့်တွေကို ပစ်လိုက်ပါ ...... သုပ်မယ့် ပန်းကန်ပြားမှာထည့် ငရုတ်သီးထောင်း ၊ ကြက်သွန်နီ ၊ ငံပြာရည်အနည်းငယ်ထည့် သံပုရာရည်ညှစ်ထည့်ပြီး နယ်ပေးပါ ......
အပေါ့ အငံ မြည်းပေးပါ ......
ဟုတ်ကဲ့ ရခိုင်ကြက်ခြေထောက်သုပ်လေးကို ရပါပြီတဲ့ရှင် ........
ရခိုင်ကြက်ခြေထောက်သုပ်ဟာ ထိုင်းသုပ်နဲ့ ဆင်ပါတယ် ...... သူတို့ကတော့ ငပိကိုလျှော့တယ် ၊ ပြာခဲထည့်ပေးပြီး အချဉ်များများဆမ်းထားပါတယ် ........
ပြုတ်ရည်ကို မပစ်ဘဲဖယ်ထားပြီး ငံပြာရည်နည်းနည်း ၊ ကြက်သွန်ဖြူ တစ်ပြားဓါးပြားရိုက်ထည့်ကာ မီး ဖိုပေါ် ပြန်တည်ပေးပါ ...... မိမိကြိုက်တဲ့ အရွက်လေးကို သေချာရေဆေးပေးထားပါ ...... ဟင်းရည်ဆူပွက်လာပြီဆိုရင်တော့ ခွက်ထဲမှာ ခပ်ထည့်ပေးပါ ..... ငရုတ်သီးစိမ်းတစ်တောင့်လောက် ပါးပါးလှီးထည့်ပေးပါ ..... ဟင်းရွက်ကို ထည့် ၊ သံပုရာတစ်ခြမ်းလောက်ညှစ်ထည့်ပေးပြီးရင် သံပုရာခွံ ကိုသေးသေးလေး လှီးထည့် ၊ မွှေပေးလိုက်ပါ ......
ထမင်းပူပူလေးနဲ့ ကြက်ခြေထောက်သုပ်စပ်စပ်လေးကို ဟင်းရည်လေးနဲ့ တွဲစားရင် တကယ်လိုက်ဖက် ပါတယ် ..............
(မြောက်ဦးမြို့ ရတနာ့မာန်အောင် အလွမ်းပြေ)
အစားအစာကမ္ဘာ

Sign up here with your email
ConversionConversion EmoticonEmoticon