မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းသုံးစွဲသူများထံသို့ မက်ဆေ့ခ်ျမှားယွင်းပေးပို့မှုများ ဖြစ်ပေါ် ခဲ့သော
ကြောင့် သုံးစွဲသူများ မလိုအပ်ဘဲ ငွေဖြည့်တင်းခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Data Center သည် ယနေ့ နံနက် ၂ နာရီခန့်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု (System Error) ဖြစ်ပွားခဲ့သည့်အတွက် GSM ဆင်းမ်ကတ်အသုံးပြုသူဦးရေ ထောင်ဂဏန်းခန့်ကို ဖုန်းဘီလ် မရှိတော့၍ ငွေဖြည့်သွင်းရန် အကြောင်းကြားသည့် Message များ မှားပို့မိခဲ့ခြင်း ဖြစ်သည်။
‘‘Data Center က Error တစ်ခုဖြစ်သွားတဲ့အတွက် ဖုန်းတွေတော်တော်များများကို ဘီလ်မရှိတော့ဘူးလို့ သတ်မှတ်ပြီး Message တွေ လိုက်ပို့တာဖြစ်ပါတယ်။ မှားပြီးပို့မိတာ ဖြစ်တဲ့အတွက် ဖုန်းထဲမှာ မူလရှိတဲ့ ဘီလ်အတိုင်း ဆက်ပြီးသုံးလို့ရပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးအောင်
ကျော်သက်က ပြောသည်။
အဆိုပါ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုမှာ ယနေ့ နံနက် ၂ နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီကျော် မှ ပြန်လည်ကောင်းမွန်လာခဲ့သည့်အတွက် Message မှားပို့မိသော ဖုန်းအရေအတွက်ကို ပြန်လည်စိစစ်ပေး
နေကြောင်း သတင်းရရှိသည်။
သို့သော်လည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ယင်းသို့ မက်ဆေ့ခ်ျမှားယွင်းပေးပို့မှုများအား သုံးစွဲသူအ ချင်းချင်း အပြန်အလှန်သတိပေးမှုများရှိခဲ့ကြပြီး ဝေဖန်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
‘‘ဖုန်းဘီလ်က ၁၈၀၀ လောက် ကျန်သေးတာကို မရှိတော့ဘူးဆိုပြီး ပို့လာတော့ ၀ယ်ဖြည့်ရတာပေါ့။ တခြား အသိတွေလည်း ဘီလ်မရှိတော့ဘူးဆိုပြီး ငွေဖြည့်ကတ်တွေ ၀ယ်ဖြည့်လိုက်ရတယ်’’ဟု ရန်ကုန်မြို့မှ GSM ဖုန်းအသုံးပြုသူတစ်ဦးက ပြောသည်။
ယင်းမက်ဆေ့ခ်ျများ ၀င်ရောက်လာမှုကြောင့် လက်ကျန်ငွေရှိလျက်နှင့် ဘီလ်ပြန်မစစ်မိဘဲ ငွေဖြည့်တင်းမှု ထပ်မံပြုလုပ်ခဲ့သူ အများအပြားလည်းရှိခဲ့သည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon