၉၆၉ နှင့် BBS တို့ ပူးပေါင်းမည်ဟု ဦးဝီရသူပြော


အတူတကွ ပူးပေါင်း အလုပ်လုပ်ပြီး ဘာသာရေးကို ကာကွယ်သွားမယ်လို့ သိရီလင်္ကာနိုင်ငံမှာ ကျင်းပနေ တဲ့ဗောဓုဗလဆေန (BBS) မဟာသံဃာ့ ညီလာခံကို တက်ရောက်နေတဲ့ ဦးဝီရသူက ပြောဆိုလိုက်ပါတယ်။

သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀၀၀ နီးပါး တက်ရောက်တဲ့ ညီလာခံမှာ ဂျီဟတ်အုပ်စုတွေရဲ့ ခြိမ်းခြောက် ခံနေရတဲ့ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ ၉၆၉ လှုပ်ရှားမှုနဲ့ BBS တို့ ပူးပေါင်းသွားမယ်လို့ ဦးဝီရသူက ပြောပါ တယ်။

ဗုဒ္ဓဘာသာတွေရဲ့ သည်းခံစိတ်ရှည်တာဟာ အားနည်းချက်အဖြစ်မြင်သလို ဗုဒ္ဓဘာသာ ဘုရား ကျောင်း ကန်တွေ ဟာ ဖျက်ဆီးခံရပြီး သံဃာတော်တွေကို ဆန်ကျင်နေတဲ့ ဂျီဟတ်တွေ ရှိတယ်လို့ သူက ပြောပါ တယ်။

သိရီလင်္ကာရာက် မြန်မာ သံဃာတော်တပါးကတော့ ဦးဝီရသူ ကြွရောက်လာတာဟာ ကောင်းသော လာခြင်းဖြစ်ပြီး BBS နဲ့ တွေ့ဆုံတဲ့အပေါ် ကျေနပ် အားရမိတယ်လို့ ဒီဗွီဘီကို ခုလိုမိန့်ပါတယ်။

“ကောင်းသောလာခြင်းဖြစ်သလို ဦးဇင်းတို့အတွက်လည်း ခွန်အားတွေ ဖြစ်ရတာပေါ့။ နောက် ဦးဇင်းပုဂ္ဂလိ က အမြင်နဲ့ ပြောရရင်တော့ အခုသူ ဒီကို ကြွလာတာဟာ ကောင်းတဲ့အချက်လို့ပဲ မြင်ပါတယ်။ ”

ရွှေဝါရောင်သံဃာ့ကွန်ရက် ဆရာတော် ဦးဇ၀နကတော့ ဒီလိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာဟာ ပုဂ္ဂိုလ်ရေးအရဖြစ်မှာဖြစ်ပြီး ပြည်တွင်းက သံဃာတော်တွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

“အဲဒီလို အဖွဲ့အစည်းတွေနဲ့ သွားလုပ်တာ သူ့ပုဂ္ဂိုလ်ရေးအရဖြစ်လိမ့်မယ်။ ဦးဇင်းတို့ ပြည်တွင်းက သံဃာ
တွေနဲ့ မသက်ဆိုင်ဘူး။ နောက်ပြီးတော့ ဦးဇင်းတို့ ပြည်တွင်းကို ကောင်းကျိုးတော့ ပေးမှာမဟုတ်ဘူး၊ ဆိုး ကျိုးသက်ရောက်မယ်လို့ ဦးဇင်းကထင်တယ်။”

တချို့အစွန်းရောက်တွေကလည်း နည်းပညာ မီဒီယာ စွမ်းအားတွေကို အသုံးပြုပြီး သူတို့ အမှားတွေကို ကမ္ဘာတ၀န်းဖြန့်နေတဲ့အတွက် ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေကို သတိပေးရတာဖြစ်တယ်လို့ သူက ပြော ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေများတဲ့ သိရီလင်္ကာမှာ လူနည်းစု မွတ်စလင်နဲ့ ခရစ်ယာန် တွေကို တိုက်ခိုက်ပြီး အမုန်းတ ရားတွေ လှုံ့ဆော်နေတယ်လို့ BBSဟာ စွပ်စွဲခံနေရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာ ပထမဆုံးနိုင်ငံခြား ခရီးစဉ် အဖြစ် ဦးဝီရသူက သိရီလကာင်္ကို ကြွရောက်ခဲ့ တာဖြစ်ပြီး ၄ ရက်ကြာ သတင်းသုံး နေထိုင်သွားမှာ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ခရီးစဉ်ကို သီရိလင်္ကာနိုင်ငံ မွတ်စလင်ကောင်စီအပါအဝင် မွတ်စလင် အဖွဲ့အစည်းတွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်လာနိုင်တဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ သမ္မတနဲ့ လူဝင် မှုကြီးကြပ်ရေးဌာနတွေကို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

DVB

Previous
Next Post »
Powered by Blogger.