သဘာဝဓာတ်ငွေ့ထွက်ရန် အလားအလာအကောင်းဆုံး လုပ်ကွက်မှ ထွက်သည့် ဓာတ်ငွေ့ကို ပြည်တွင်း၌သာ သုံးမည်

ဓာတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန
ကမ်းနီးနှင့်ကမ်းဝေး လုပ်ကွက်များပြမြေပုံ။ လက်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့များအနက် ကုဗပေ သန်း ၄၀ဝ ခန့်ကို ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည်။

မြန်မာ့ကမ်းလွန်တွင် ရှာဖွေရေးအဆင့်ဆောင်ရွက်နေသည့် လုပ်ကွက်များ၌ အောင်သိင်္ခ (M-3)လုပ်ကွက်မှာ သဘာဝဓာတ်ငွေ့တွေ့ရှိရန် အလားအလာအကောင်းဆုံးဖြစ်နေသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကမ်းလွန်လုပ်ကွက်ပေါင်း ၁၈ ကွက်တွင် ပီးတီတီအီးပီကုမ္ပဏီက တူးဖော်ဆောင်ရွက်နေသည့် ဧရာဝတီ တိုင်း မြစ်ဝကျွန်းပေါ်အနီးရှိ M-3 လုပ်ကွက်(အောင်သိင်္ခ)သည် သဘာဝဓာတ်ငွေ့တွေ့ရှိရန် အလားအလာ အကောင်းဆုံး ဖြစ်နေပြီး ဖွံ့ဖြိုးမှုအဆင့်အဖြစ် သတ်မှတ်ထားသည်ဟု ယင်းက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဘယ်လောက်ထွက်မလဲဆိုတာတော့ အတိအကျ မသိနိုင်သေးဘူး။ ထပ်ပြီး တူးကြည့်ရဦးမှာပါ။ ဒီနှစ်ကုန်ရင် ပမာဏဘယ်လောက်ထွက်မလဲ သိရမယ်။ လုပ်ကွက်တွေထဲမှာတော့ ဓာတ်ငွေ့တွေ့ရှိဖို့ အလားအလာအကောင်းဆုံးဖြစ်နေပါတယ်”ဟု ပြောသည်။

M-3 လုပ်ကွက် (အောင်သိင်္ခ)ကို ထိုင်းနိုင်ငံမှ ပီတီတီအီးပီကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းတို့က ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ကွက်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ပို့လွှတ်မည်မဟုတ်ဘဲ ပြည်တွင်းအတွက်သာ သုံးစွဲသွားမည်ဟု ၎င်းက ပြောသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ရွှေ၊ ဇောတိက စီမံကိန်းလေးခုလုံးမှ ဓာတ်ငွေ့များ ထုတ်လွှတ်နေပြီး နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၁,၈၀၀ ခန့်ကို ထုတ်လုပ်နေ သည်။

ကမ်းလွန်လုပ်ကွက် ၃၀ ကို တင်ဒါခေါ်ယူထားရာ လုပ်ကွက် ၂၀ ကို နိုင်ငံတကာ ကုမ္ပဏီများသို့ လုပ်ကိုင် ခွင့်ပြုထားပြီး ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အနက် ၁၆ ကွက်ကို နိုင်ငံတကာကုမ္ပဏီများကို လုပ်ကိုင် ခွင့်ပြု ထားသည်။

လက်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းများမှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့များအနက် ကုဗပေသန်း ၄၀၀ ခန့်ကို ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည်။

စွမ်းအင်ဝန်ကြီးဌာနသည် စီမံကိန်းအသစ်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲမှုအ တွက် ဦးစားပေး ထုတ်လုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

သီဟကိုကို | mizzima

Related Post

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.