ထိုင်းအိမ်ရှေ့စံမင်းသားက မိဖုရား ဖြစ်သူကို အပ်နှင်းထားသည့် တော်ဝင်ဘွဲ့ပြန်ရုပ်သိမ်းရန် အစိုးရထံ တောင်းဆို

ထိုင်းအိမ်ရှေ့စံမင်းသား ၀ဇီရလောင်ကွန်သည် ၎င်း၏ မိဖုရား တစ်ပါး၏ မိသားစုများအား ခြစားမှု စွဲချက်
ဖြင့်အာဏာပိုင်များက ဖမ်းဆီး ပြီးနောက် ထိုမိဖုရား ဖြစ်သူအား အပ်နှင်းထားသည့် တော်ဝင်ဘွဲ့ အမည်နာ မကို ပြန်ရုတ်သိမ်းပေးရန် အစိုးရထံ စာရေးသား တောင်းဆိုခဲ့သည်။

မင်းသား ၀ဇီရလောင်ကွန်၏ မိဖုရားဖြစ်သူ ဆရီရာစမီ အက်ခရာ ပုန်ပရီချာ၏ ဆွေမျိုး ခုနှစ်ဦးသည် မကြာ မီက ခြစားမှု တစ်ခုတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီး ခံခဲ့ရသည်။ ၎င်းမှာ မင်းသား၏ တတိယ မိဖုရားဖြစ် ပြီး ၎င်းတို့မှာ ၂၀၀၁ တွင် ထိမ်းမြားခဲ့ခြင်း ဖြစ်သည်။

မင်းသားဘက်မှ ယခုကဲ့သို့ ၎င်းအား အပ်နှင်း ထားသော တော်ဝင်ဘွဲ့ အမည်နာမ ပြန်ရုပ်သိမ်းရန် တောင်း ဆိုမှုမှာ ကွာရှင်းမှု လုပ်ရန် အတွက် ပထမ ခြေလှမ်းဟု အများက ရှုမြင်ထားသည်။ ၎င်းတို့ နှစ်ဦးသည် ခွဲနေ သည်မှာ ကြာပြီ ဖြစ်သော်လည်း တော်ဝင် ပွဲလမ်းသဘင်များတွင်မူ ပါဝင် တက်ရောက်ခဲ့သည်။

မိဖုရား ဆရီရာစမီ၏ မိသားစုဝင်များ ထိုင်းတွင် ပြီးခဲ့သည့် (၁၀) ရက် အတွင်း ဖမ်းဆီး ခဲ့ရမှုမှာ လူသိများ
သော်လည်း တော်ဝင်ဥပဒေ ပြဋ္ဌာန်းထားမှုကြောင့် မည်သည့် ထိုင်းမီဒီယာတွင်မှ ဝေဖန်သည့် မှတ်ချက် များ ရေးသားခြင်း မရှိသလို မိသားစုနှင့် ဆက်နွယ်မှု အသေးစိတ် ကိုလည်း သိရခြင်း မရှိပေ။ မိဖုရား၏ ဦးလေး တော်စပ်သူ ရဲချုပ် တစ်ဦးမှာလည်း မှောင်ခို လုပ်ငန်းများနှင့် လောင်းကစား ၀ိုင်းများမှ ၀င်ငွေများ
ဖြင့် ကြွယ်ဝ လာသည်ဟု စွပ်စွဲ ခံရပြီးနောက် အဖမ်း ခံခဲ့ရသည်။ အာဏာပိုင်များ၏ ထိန်းသိမ်း ခံရသူများ တွင် မိဖုရား၏ သားဖြစ်သူ လေးဦးနှင့် အခြား ဆွေမျိုး နှစ်ဦးတို့လည်း ပါဝင်ကြသည် ဆိုသည်။

မိဖုရား ဆရီရာစမီ၏ ကျဆုံးမှုမှာ ထိုင်းတွင် သက်တမ်းရှည် အုပ်စိုး လာခဲ့သည့် ဘုရင် ဘူမိဘော ကျန်းမာ
ရေး မကောင်းသည့် အချိန်နှင့်လည်း လာရောက် တိုက်ဆိုင် နေကြောင်း ဆန်းစစ်သူများက ပြောသည်။ အိမ်ရှေ့စံ မင်းသား၏ ဇနီး ဖြစ်သောကြောင့် မိဖုရား ဆရီရာစမီမှာ ခင်ပွန်းဖြစ်သူ ထီးနန်း ဆက်ခံရ ပါက
နိုင်ငံ၏ ထိပ်တန်းဖြစ်သော တော်ဝင် မိသားစုတွင် သြဇာ ကြီးမားသည့် မိဖုရားကြီး ဖြစ်လာမည် ဖြစ်သည်။

BBC
Previous
Next Post »
Powered by Blogger.