အဆိုပါ ဆေးရုံသစ်ကြီးကို မြေဧက ၁၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ယခုလအတွင်း တရုတ်အဖွဲ့ များက လေ့လာတိုင်းတာမှုလုပ်ငန်းများ စတင်ပြုလုပ်သွားမည်ဖြစ်ကာ ပြီးစီးသည်နှင့်တစ် ပြိုင်နက် ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါဆေးရုံ သစ်ကြီးကို အဆင့်မြင့်နှင့် ခမ်းခမ်း နားနားဖြစ်စေရန် တရုတ်က ကူညီတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီဆေးရုံကြီးဆောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရန်ကုန်ဆေးရုံကြီးကို လာကုသတဲ့သူကို လျှော့ ချချင်တာပါ။ ရန်ကုန်မြောက်ပိုင်းခရိုင်မြို့နယ်တွေ၊ လှည်းကူး၊ ပဲခူးလို နေရာမျိုးတွေကနေ ရန်ကုန်ဆေးရုံ ကြီးကိုလာပြတဲ့လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို မလာရတော့အောင်၊ ဒီဆေးရုံသစ်ကြီးကနေ ဖမ်းဆွဲပေး မယ့် သဘောပါ။ ရန်ကုန်ဆေးရုံကြီးက နှစ်တွေကြာနေပြီ။ ပစ္စည်းလည်း စုံလင်တာကြောင့် လာပြတဲ့လူ နာတွေနဲ့ မမျှတဘူး ဖြစ်နေတာပါ။ ဆေးရုံသစ်ကြီးပြီးရင်တော့ မြောက်ပိုင်းခရိုင် အနီးအနားမြို့နယ်တွေက လူနာတွေ နီးနီးနားနား ကုသနိုင်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း က ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီးသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝေးလံမြို့နယ်များမှ လာရောက်သည့်လူနာ များ လျော့နည်းသွားစေရန်အတွက် သက်ဆိုင်ရာ ဝေးလံမြို့နယ်များရှိ ဆေးရုံများကို အဆင့်တိုးမြှင့်ခြင်း များ ပြုလုပ်မည်ဖြစ်ပြီး သန်လျင်ဆေးရုံကိုလည်း ခုတင် ၂၀၀ ဆံ့အဖြစ် တိုးချဲ့ဆောက်လုပ် မည်ဖြစ်ပြီး ကျောက်တန်း၊ ခရမ်းနှင့် သုံးခွမြို့နယ်များမှ လူနာများ သွားရောက်ကုသနိုင်မည်ဟု ဒေါက် တာမြင့်သိန်းက ဆိုသည်။
ထို့ပြင် သက်ဆိုင်ရာ မြို့နယ်ဆေးရုံများမှ လူနာများကိုလည်း တတ်နိုင်သမျှ ကုသပေးရန်နှင့် မလိုအပ်ဘဲ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခြင်း မပြုရန်နှင့် လိုအပ်သည့်လူနာများကိုသာ လွှဲပြောင်းပေးရန်လည်း ညွှန်ကြားထားသည်ဟု သိရသည်။
EMG
Sign up here with your email
ConversionConversion EmoticonEmoticon